မကွေးအသင်းနှင့်ပွဲ အမှားခံ၍ မဖြစ်ဟု ဦးစိုးမြတ်မင်းပြောကြား

မကွေးအသင်းနှင့်ပွဲ အမှားခံ၍ မဖြစ်ဟု ဦးစိုးမြတ်မင်းပြောကြား

မကွေး အသင်းနှင့် ယှဉ်ပြိုင် ကစားမည့် ပွဲတွင် အမှား မများအောင် သတိထားရမည်ဟု နည်းပြချူပ် ဦးစိုးမြတ်မင်းကပြောကြားသည်။ ကမ္ဘောဇအသင်းသည် MNL Myanmar 2014 ပွဲစဉ်အဖြစ် (၂၅.၇.၂၀၁၄) ရက်နေ့တွင် YTC အားကစားကွင်း၌ မကွေးအက်ဖ်စီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ "မကွေးအသင်းနဲ့ပွဲမှာ အမှားမများအောင် ...

မနောမြေ အက်ဖ်စီနှင့် ပွဲသည် ခက်ခဲ့မည်ဖြစ်သော်လည်း အနိုင် ရလဒ်ကို မျှော်လင့်ထားဟု ဦးစိုးမြတ်မင်း ပြောကြား

မနောမြေ အက်ဖ်စီနှင့် ပွဲသည် ခက်ခဲ့မည်ဖြစ်သော်လည်း အနိုင် ရလဒ်ကို မျှော်လင့်ထားဟု ဦးစိုးမြတ်မင်း ပြောကြား

မနောမြေ အက်ဖ်စီနှင့် ယှဉ်ပြိုင် ကစားမည့် ပွဲသည် ခက်ခဲလိမ့်မည်ဖြစ်သော်လည်း ကြုံတွေ့ခဲ့ရသော ရှုံးပွဲများမှ သင်္ခန်းစာ ယူ၍ နိုင်ပွဲအတွက် အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမည်ဟု ကမ္ဘောဇ အသင်း နည်းပြချုပ် ဦးစိုးမြတ်မင်းက ပြောကြားသည်။ ကမ္ဘောဇ အသင်းသည် MNL Myanmar ...

နိုင်ပွဲအတွက် ကစားသမားများ အားလုံးကို နည်းပြချုပ် ကျေးဇူးတင်

နိုင်ပွဲအတွက် ကစားသမားများ အားလုံးကို နည်းပြချုပ် ကျေးဇူးတင်

ရတနာပုံ အက်ဖ်စီ အသင်းအား အဝေးကွင်း၌ အနိုင် ရရှိခဲ့ခြင်း အတွက် ကစားသမားများ အားလုံးကို ကျေးဇူးတင်ကြောင်း နည်းပြချုပ် ဦးစိုးမြတ်မင်းက ပြောကြားသည်။ ကမ္ဘောဇ အသင်းသည် MNL Myanmar 2014 ပွဲစဉ်(၁၂) အဖြစ် ရတနာပုံ အသင်းနှင့် ယနေ့(၁၅-၆-၁၄)ရက်နေ့တွင် ...

ဗထူးကွင်းတွင် ရလဒ်ကောင်းကို ဦးစိုးမြတ်မင်း မျှော်လင့်

ဗထူးကွင်းတွင် ရလဒ်ကောင်းကို ဦးစိုးမြတ်မင်း မျှော်လင့်

MNL Myanmar 2014 ပွဲစဉ်ဖြစ် ဗထူးကွင်း၌ ရတနာပုံ အက်ဖ်စီ အသင်းအား ယှဉ်ပြိုင် ကစားသည့် အခါ ရလဒ်ကောင်း တစ်ခုကို မျှော်လင့်ထားကြောင်း ကမ္ဘောဇ အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းက ဖွင့်ဟပြောကြားသည်။ကမ္ဘောဇ အသင်းသည် (၁၅-၆-၁၄)ရက်နေ့၊ ညနေ(၄း၀၀)နာရီတွင် မန္တလေးမြို့ရှိ ...

မကွေးအသင်းနှင့်ပွဲ အမှားခံ၍ မဖြစ်ဟု ဦးစိုးမြတ်မင်းပြောကြား

မကွေးအသင်းနှင့်ပွဲ အမှားခံ၍ မဖြစ်ဟု ဦးစိုးမြတ်မင်းပြောကြား

Posted by admin on Jul 22, 20141
မနောမြေ အက်ဖ်စီနှင့် ပွဲသည် ခက်ခဲ့မည်ဖြစ်သော်လည်း အနိုင် ရလဒ်ကို မျှော်လင့်ထားဟု ဦးစိုးမြတ်မင်း ပြောကြား

မနောမြေ အက်ဖ်စီနှင့် ပွဲသည် ခက်ခဲ့မည်ဖြစ်သော်လည်း အနိုင်

Posted by admin on Jul 15, 20142
နိုင်ပွဲအတွက် ကစားသမားများ အားလုံးကို နည်းပြချုပ် ကျေးဇူးတင်

နိုင်ပွဲအတွက် ကစားသမားများ အားလုံးကို နည်းပြချုပ် ကျေးဇူးတင်

Posted by admin on Jun 16, 20143
ဗထူးကွင်းတွင် ရလဒ်ကောင်းကို ဦးစိုးမြတ်မင်း မျှော်လင့်

ဗထူးကွင်းတွင် ရလဒ်ကောင်းကို ဦးစိုးမြတ်မင်း မျှော်လင့်

Posted by admin on Jun 11, 20144

Latest Headlines

သူ့နာမည် စိုးမြတ်မင်း..။ မြန်မာ့ ဘောလုံး လောကတွင် သူ့ကို အားလုံးသိကြသည်။ ဘဏ္ဍာ/အခွန်အသင်း၊ မြန်မာ့ လက်ရွေးစင် အသင်းတို့တွင် သူ့ ဘောလုံး စွမ်းရည်နှင့် အားကစားသမား ပီသမှုကို အားလုံးက မြင်ဖူးကြသည်။ ၂၀၀၉ ခုနှစ်၊ MNL စတင်ချိန်မှာ ကမ္ဘောဇအသင်းနှင့် သူ စာချုပ်ချုပ်သည်။ ထိုအချိန်က စံချိန်တင် လက်မှတ်ထိုးဖြင့် သူ… ရောက်လာခဲ့သည်။ ၂၀၁၀ ဘောလုံးရာသီကုန်တော့ သူ ကစားသမား ဘ၀ကို ကျောခိုင်းခဲ့သည်။ ထို့နောက် ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဇ လူငယ်အသင်း နည်းပြချုပ် ဖြစ်လာခဲ့သည်။ ယခုတော့ သူက ကမ္ဘောဇ အသင်း၏ နည်းပြချုပ်..။ နည်းပြချုပ်သစ်၏ ဘောလုံး အတွေးအမြင်၊ မျှော်လင့်ချက်နှင့် ရင်ခုန်သံတို့ကို ပရိသတ်များ မျှဝေ ခံစားနိုင်ရန် အလို့ငှာ kbzfc.com က တင်ဆက်လိုက်သည်။

မေး- ကမ္ဘောဇ အသင်းရဲ့ နည်းပြချုပ်အသစ်ကို ကြိုဆိုပါတယ်။ ကိုစိုးမြတ်မင်းက ၂၀၀၉ ခုနှစ် ပရိုလိဂ် စတင်တဲ့ အချိန်မှာ ကမ္ဘောဇ အသင်းရဲ့ ကစားသမားဖြစ်လာခဲ့ပြီး၊ ၂၀၁၀ ဘောလုံးရာသီ အကုန်မှာ ကစားသမား ဘ၀ကနေ အနား ယူသွားခဲ့တယ်။ နောက်တော့ ကမ္ဘောဇ လူငယ် အသင်းရဲ့နည်းပြချုပ်ဖြစ်လာခဲ့တယ်။ အခု ကမ္ဘောဇ အသင်းရဲ့ နည်းပြချုပ်အဖြစ် ခန့်အပ်ခြင်းခံရတယ်။ ဒီလို အသင်းက ယုံကြည်မှု အပြည့်အ၀နဲ့ တာဝန်ကြီးကြီး ပေးအပ် လိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားရပါသလဲ။

ဖြေ- ကျွန်တော့် အနေနဲ့ အခုလို အရေးကြီးတဲ့ တာဝန် တစ်ခုကို ယုံယုံကြည်ကြည် ပေးအပ်ခဲ့တဲ့ အသင်း တာဝန် ရှိသူတွေကို အရမ်းပဲ ကျေးဇူး တင်ပါတယ်။ ကမ္ဘောဇ အသင်းမှာ ဘောလုံးသမား ဘ၀ကို ဖြတ်သန်းခဲ့တဲ့ ကျွန်တော်ဟာ ဒီအသင်းရဲ့ နည်းပြချုပ် တာဝန်ကို ရည်မှန်းချက် တစ်ခု အနေနဲ့ သဘော ထားခဲ့ပါတယ်။ အခုလို အချိန်တိုအတွင်းမှာ တာဝန်ပေး ခံရလိမ့်မယ်လို့ မျှော်လင့် မထားခဲ့ပါဘူး။ အခုလို အသင်းရဲ့ နည်းပြချုပ်အဖြစ် တာဝန် ပေးအပ်ခံရတဲ့ အတွက် ၀မ်းလည်းသာတယ်။ ဂုဏ်လည်းယူတယ်။

မေး- ကိုစိုးမြတ်မင်း အနေနဲ့ ဘောလုံးသမား အဖြစ်ကနေ နည်းပြ ဘ၀ကို ပြောင်းလဲခဲ့ပြီး သိပ်မကြာခင်မှာပဲ ကမ္ဘောဇလို အသင်းတစ်သင်းရဲ့ နည်းပြချုပ် အဖြစ် တာဝန် ထမ်းဆောင်ရတော့မှာ ဆိုတော့ ဒီတာဝန်ကို ထမ်းဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အ၀ ရှိနေပါပြီလား။ အဆင်သင့်ဖြစ်ပြီလား။

ဖြေ- ဘောလုံးအသင်းနည်းပြဖြစ်ဖို့က မခက်ဘူး။ အောင်မြင်တဲ့ နည်းပြ တစ်ယောက်ဖြစ်ဖို့သာ ခက်ခဲတယ် ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ကမ္ဘောဇအသင်းရဲ့ နည်းပြချုပ်တာဝန်က ခက်ခဲမယ်ဆိုတာ ကျွန်တော် သိထားပေမယ့် ဒီတာဝန်ကို ထမ်းဆောင်ဖို့ ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်မှု အပြည့်ရှိပါတယ်။ ကျွန်တော်ဟာ နည်းပြတစ်ယောက် အနေနဲ့ ၀ါနုသေးပေမယ့် ကစားသမားဘ၀တုန်းက လက်တွဲခဲ့ဖူးတဲ့ ဆရာသမားတွေရဲ့ လုပ်ပုံ၊ ကိုင်ပုံတွေကို မှတ်သား ထားခဲ့ပါတယ်။ လက်ရှိမှာလည်း မြန်မာ့ လက်ရွေးစင် အသင်းမှာ နည်းပြချုပ် အေဗရာမိုဗစ်ရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန် ယူထားရတော့ သူ့ဆီက ပညာတွေကို လေ့လာ နေပါတယ်။ ကလပ်အသင်းကြီးတစ်သင်းရဲ့ နည်းပြချုပ်ဖြစ်လောက်အောင် ၀မ်းစာပြည့်ပြီလို့ ကိုယ့်ကိုယ်ကို မယူဆခဲ့ပေမယ့် ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးအပ်လာတဲ့အခါမှာတော့ ကျွန်တော်ဘက်က ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ယုံကြည်မှု အပြည့်နဲ့ လုပ်မှာပါ။

မေး- ဘောလုံး ရာသီတစ်ဝက် ကျိုးချိန်လောက်ကျမှ အသင်းကို တာဝန် ယူလိုက်ရတာဆိုတော့ နည်းပြချုပ်အသစ်အနေနဲ့ အခက်အခဲတွေ ရှိလာနိုင်မယ်လို့ ထင်မိပါသလား။ ရာသီဝက် အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ကစားသမားအပြောင်းအလဲတွေ လုပ်ဖို့ ရှိပါသလား။

ဖြေ- ကျွန်တော့်အတွက်တော့ အရာ အားလုံးက စိန်ခေါ်မှုတွေပါပဲ။ ဒါပေမဲ့ ကျွန်တော့် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကစားသမား အပြောင်းအလဲတော့ လုပ်စရာ မလိုသေးဘူး ထင်ပါတယ်။ ကျွန်တော့်ကို နည်းပြချုပ်တာဝန်မပေးခင်လေးမှာပဲ ကျော်ဇေယျာဝင်းက မလေးရှား ကလပ်ကနေ ပြန်ရောက်လာတယ်။ ဇေယျာရွှေမြေ တိုက်စစ်မှူးဟောင်း စိုးပိုင်သွေးကို ခေါ်ထားတယ်။ လက်ရှိ ကစားသမား စုဖွဲ့မှုအပေါ် အားရပါတယ်။ လက်ရှိ လူအုပ်နဲ့ပဲ ဆက်သွားပါမယ်။ သူတို့တွေ ဒဏ်ရာအနာတရ ကင်းစင်မယ်ဆိုရင် ကျွန်တော်တို့ ဘာမဆို မျှော်လင့်လို့ ရနိုင်ပါလိမ့်မယ်။

မေး- ကိုစိုးမြတ်မင်း အနေနဲ့ နည်းပြချုပ်အဖြစ် ကစားသမားတွေကို ကိုင်တွယ်အုပ်ချုပ်တဲ့အခါမှာ ဘယ်လို အုပ်ချုပ်မှုစတိုင်နဲ့ ကိုင်တွယ်မယ်လို့ စိတ်ကူးထားပါသလဲ။ ကမ္ဘာကျော်ဘောလုံးနည်းပြတွေအကြားမှာတောင် စည်းကမ်းတင်းကျပ်တဲ့ Disciplinarian နဲ့ သံတမန်ဆန်ဆန်အုပ်ချုပ်တဲ့ Diplomat ဆိုပြီး ခွဲခြားသတ်မှတ်ကြတယ်။ လက်ရှိကမ္ဘောဇအသင်းရဲ့ ကစားသမား တစ်ဝက်လောက်က ကိုစိုးမြတ်မင်းနဲ့ အတူတွဲကစားဖူးတော့ ဘယ်လိုစတိုင်နဲ့ သူတို့ကို ကိုင်တွယ်မလဲ။

ဖြေ- ကျွန်တော့်အတွက် ကံကောင်းတဲ့အချက်က ကစားသမားအားလုံး ကျွန်တော့်အကြောင်း သိကြတယ်။ ကျွန်တော်ဟာ ဘယ်လို လူစားမျိုးလဲ၊ ကျွန်တော့် ကိုယ်ကျင့်တရားနဲ့ စာရိတ္တကို သိတယ်။ ကျွန်တော်ကတော့ သူတို့ကို ကွင်းပြင်ပ စည်းကမ်းပိုင်း တင်းကျပ်မှာ မဟုတ်ပါဘူး။ ကွင်းထဲမှာ အလုပ်ကြိုးစားဖို့နဲ့ ပရော်ဖက်ရှင်နယ် ပီသဖို့ပဲ တောင်းဆိုထားတယ်။

မေး- နည်းပြချုပ် အသစ်ရဲ့ ဘောလုံးဒဿနကို ပြောပြပေးနိုင်မလား။ ကမ္ဘောဇအသင်းအနေနဲ့ ပြိုင်ဘက်တွေကို ဘယ်လိုနည်းဗျူဟာနဲ့ ချဉ်းကပ်ဖို့ စိတ်ကူး ထားပါသလဲ။

ဖြေ- ကျွန်တော်ကတော့ ဘောလုံး ပိုင်ဆိုင်မှုကို အသားပေးတဲ့ ကစားဟန်ကို ဦးစားပေးပါမယ်။ Possession-oriented passing game ပေါ့။ ကိုယ့်ခြေထောက်ထဲမှာ ဘောလုံး ထားနိုင်သရွေ့ ပြိုင်ဘက်က ကိုယ့်ကို ဒုက္ခ ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကမ္ဘောဇ အသင်းမှာ ဒီကစားဟန်ကို ဖော်ဆောင်ဖို့ အချိန်တစ်ခု ယူရဦးမှာပါ။ ကျွန်တော်တို့ အသင်းဟာ ခေတ်အဆက်ဆက် ဘောလုံး ပိုင်ဆိုင်မှုကို ဦးစားမပေးခဲ့ပါဘူး။ ကစားဟန် တစ်ခုကို အလုံးစုံပြောင်းလဲပစ်ဖို့က အချိန် ယူရမှာပါ။

မေး- ကမ္ဘောဇ အသင်းဟာ ရာသီအစပိုင်းမှာ ရလဒ်ပိုင်းတွေ မကောင်းခဲ့ဘူး။ မျှော်လင့် မထားတဲ့  အခက်အခဲတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ အသင်းမှာ လက်ရှိကြုံတွေ့နေရတဲ့ “အရှိတရား”တွေကနေ ရုန်းထွက်ပြီး MNL အမှတ်ပေးချန်ပီယံဆု သို့မဟုတ် MFF Ooredoo Cup ချန်ပီယံဆု တစ်ခုခု ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါသလား ပြောပြပေးပါ။

ဖြေ- ကျွန်တော့်ကို ဆုဖလားတွေ မျှော်လင့်သလားလို့ မေးရင်တော့ “မျှော်လင့်တယ်”လို့ပဲ ဖြေပါမယ်။ အမှတ်ပေး ပြိုင်ပွဲမှာ ကျွန်တော်တို့ အသင်းနဲ့ အမှတ်ပေး ဇယား ထိပ်ပိုင်းက အသင်းတွေ အမှတ်ကွာဟမှု အရမ်းမများပါဘူး။ ကိုယ့်ဘက်က အနိုင်ရသင့်တဲ့ပွဲတွေ နိုင်ဖို့ပဲလိုပါတယ်။ ရှုံးထွက်ဖလား ပြိုင်ပွဲကတော့ အသုံးချနိုင်မယ် ဆိုရင် အခွင့်အရေးကောင်း တစ်ခုပေါ့။ ကမ္ဘောဇ အသင်း ပရိသတ်တွေ အတွက် အဓိက ဆုဖလားတွေ ယူပေးချင်ပါတယ်။ အခုတော့ ဒီလောက်ပဲ ပြောနိုင်ပါတယ်။

မေး- နောက်ဆုံးမေးခွန်းပါ။ ကိုစိုးမြတ်မင်းက မြန်မာ့ လက်ရွေးစင် အသင်းမှာလည်း လက်ထောက်နည်းပြ လုပ်နေတော့ မြန်မာ့ လက်ရွေးစင် အသင်းအကြောင်း နည်းနည်းမေးချင် ပါတယ်။ ပြီးခဲ့ AFC Challenge Cup မှာ မြန်မာအသင်း ဘာတွေ မှားခဲ့တယ် ထင်ပါသလဲ။ နောက်တစ်ခုက လာမယ့် SUZUKI Cup မှာ ဘာတွေ မျှော်လင့်လို့ ရနိုင်မလဲ။

ဖြေ- ကျွန်တော့်အမြင် ပြောရရင် AFC Challenge Cup မှာ မြန်မာအသင်းရဲ့ အဓိက အားနည်းချက်က ကြံ့ခိုင်မှုပါ။ နောက်တစ်ခုက Tactical discipline အားနည်းတယ်။ အဲဒီလို tactically disciplined မဖြစ်တာကလည်း ကြံ့ခိုင်မှုကြောင့် အာရုံစူးစိုက်မှု နည်းလာတာနဲ့လည်း ဆိုင်ပါလိမ့်မယ်။ အထူးသဖြင့် ဘောလုံးဆုံးတဲ့ အချိန်တွေမှာပေါ့။ SUZUKI Cup အတွက်တော့ မြန်မာ အသင်းက ခြေစစ်ပွဲ ကစားရမှာပါ။ ခြေစစ်ပွဲတော့ အောင်မှာပါ။ SUZUKI Cup မှာ မြန်မာအသင်းအနေနဲ့ အောင်ပွဲမရရင်တောင်မှ သိသာ ထင်ရှားတဲ့ တိုးတက်မှုတွေ ရရှိလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

smm_b


June 10th, 2014

About KBZ Football Club

KBZ Football Club was founded in year 2005 and played as an amateur club in Myanmar League which was the highest football league in Myanmar. The first ever manager is U Myo Win Nyunt and coach is U Ye Nyunt. Since 2009, KBZ Football Club changed as a professional football club to play in Myanmar National League (Professional League) which was changed from Myanmar League.

Read More ...