၂၀၁၅ မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲ ၀င်မည့် ကမ္ဘောဇ အသင်း လူစာရင်း

၂၀၁၅ မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲ ၀င်မည့် ကမ္ဘောဇ အသင်း လူစာရင်း

အသင်း တာဝန် ရှိသူများ ဦးလှဝင်း(အသင်းအုပ်ချုပ်သူ)၊ ဦးချမ်းမြေ့လှိုင် (မီဒီယာအရာရှိ)၊ ဦးစိုးမြတ်မင်း (နည်းပြချုပ်)၊ ဦးမင်းဇော်ဦး(လက်ထောက်နည်းပြ)၊ Mr. Dzevad Saric(ကြံ့  ခိုင်ရေးနည်းပြ)၊ ဦးဟန်ထွန်း(လက်ထောက်နည်းပြ)၊ ဦးအောင်ထွန်းထွန်း(လက်ထောက်နည်းပြ)၊ ဦးသိန်းထွန်းသိန်း(ဂိုးနည်းပြ)     ကစားသမားများ (ကျောနံပါတ်) ၁။ ကျော်ဇင်ထက် (၁) [ဂိုးသမား] ၂။ ဖြိုးမင်းမောင်(၁၈) [ဂိုးသမား] ၃။ ...

မော်လ်ဒိုက် ကွင်းလယ် ကစားသမား ဘာကာအာရစ်အား ခေါ်ယူစာချုပ်

မော်လ်ဒိုက် ကွင်းလယ် ကစားသမား ဘာကာအာရစ်အား ခေါ်ယူစာချုပ်

ကမ္ဘောဇ အသင်းသည် MNLအပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တွင် မော်လ်ဒိုက် လက်ရွေးစင်ကွင်း လယ်ကစားသမား ဘာကာအာရစ်အား တစ်ရာသီ ကန်ထရိုက် စာချုပ်ဖြင့် ခေါ်ယူ စာချုပ်လိုက်သည်။   မော်လဒိုက် လက်ရွေးစင် အသင်းတွက် (၃၁)ပွဲ ပွဲထွက်ကစားခဲ့သော ဘာကာသည် ၂၀၁၅ ဘောလုံး ရာသီအတွက် ကမ္ဘောဇ ...

မြန်မာယူ-၂၀ ဂိုးသမား မျိုးမင်းလတ်အား ကာလရှည်  စာချုပ်ဖြင့် ခေါ်ယူ

မြန်မာယူ-၂၀ ဂိုးသမား မျိုးမင်းလတ်အား ကာလရှည် စာချုပ်ဖြင့် ခေါ်ယူ

ကမ္ဘောဇ အသင်းသည် မြန်မာ့ လက်ရွေးစင်ယူ-၂၀ ဂိုးသမား မျိုးမင်းလတ်အား ကာလရှည် ကန်ထရိုက် စာချုပ်ဖြင့် ခေါ်ယူ စာချုပ် လိုက်ပြီဖြစ်သည်။   ဇေယျာရွှေမြေ အက်ဖ်စီ အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး ဖြစ်သော မျိုးမင်းလတ်သည် ကမ္ဘောဇ အသင်းသို့ ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ...

တိုက်စစ်မှူးဖိုလန်နှင့် ကွင်းလယ်ကစားသမား ဂျော်ဂျီတို့ကို စာချုပ် ချုပ်ဆို

တိုက်စစ်မှူးဖိုလန်နှင့် ကွင်းလယ်ကစားသမား ဂျော်ဂျီတို့ကို စာချုပ် ချုပ်ဆို

၂၀၁၅ မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသော ကမ္ဘောဇ အသင်းသည် အိုင်ယာလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း ကာလပ်ဖိုလန်နှင့် ဂျော်ဂျီယာ ကွင်းလယ်ကစားသမား ဂျော်ဂျီတို့ကို (၁)နှစ် သက်တမ်းရှိ ကန်ထရိုက်စာချုပ်ဖြင့် ခေါ်ယူလိုက်သည်။ ၂၀၁၀ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အိုင်ယာလန်အသင်းအတွက် ...

၂၀၁၅ မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲ ၀င်မည့် ကမ္ဘောဇ အသင်း လူစာရင်း

၂၀၁၅ မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲ ၀င်မည့် ကမ္ဘောဇ

Posted by admin on Jan 2, 20151
မော်လ်ဒိုက် ကွင်းလယ် ကစားသမား ဘာကာအာရစ်အား ခေါ်ယူစာချုပ်

မော်လ်ဒိုက် ကွင်းလယ် ကစားသမား ဘာကာအာရစ်အား ခေါ်ယူစာချုပ်

Posted by admin on Jan 2, 20152
မြန်မာယူ-၂၀ ဂိုးသမား မျိုးမင်းလတ်အား ကာလရှည်  စာချုပ်ဖြင့် ခေါ်ယူ

မြန်မာယူ-၂၀ ဂိုးသမား မျိုးမင်းလတ်အား ကာလရှည်

Posted by admin on Jan 2, 20153
တိုက်စစ်မှူးဖိုလန်နှင့် ကွင်းလယ်ကစားသမား ဂျော်ဂျီတို့ကို စာချုပ် ချုပ်ဆို

တိုက်စစ်မှူးဖိုလန်နှင့် ကွင်းလယ်ကစားသမား ဂျော်ဂျီတို့ကို စာချုပ် ချုပ်ဆို

Posted by admin on Dec 15, 20144

Latest Headlines

ကမ္ဘောဇ အသင်းနှင့် မြန်မာယူ-၂၀ အသင်းတို့ ခြေစမ်း ကစားရာ မြန်မာယူ-၂၀ အသင်းက (၂-၁)ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

မိနစ်(၃၀) သုံးပိုင်း ကစားသော ပွဲတွင် ကမ္ဘောဇ အသင်းသည် ပွဲချိန် ပထမပိုင်းနှင့် ဒုတိယပိုင်းတို့၌ ခြေစွမ်း စမ်းသပ်နေသော နိုင်ငံခြားသား များနှင့် အမာခံ ပြည်တွင်း ကစားသမားများကို အသုံးပြုခဲ့ပြီး၊ ပွဲချိန် တတိယပိုင်းတွင် ပြည်တွင်း လူငယ်ကစားသမားများကိုသာ အသုံးပြုခဲ့သည်။

ကမ္ဘောဇ အသင်း အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ပထမပိုင်းတွင် ဖရဲရားက သွင်းယူခဲ့ပြီး မြန်မာယူ-၂၀ အသင်းက ပွဲချိန် တတိယပိုင်းတွင် ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူခဲ့သည်။


December 15th, 2014

AFF Suzuki Cup 2014ပြိုင်ပွဲဝင် အသင်း(၄)သင်းစလုံး တည်းခိုရာ စင်ကာပူမြို့ရှိ M Hotel သို့ သွားရောက်၍ မြန်မာ့ လက်ရွေးစင် နည်းပြ မစ္စတာ အေဗရာမိုဗစ်နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များကို  ပြန်လည် တင်ပြအပ်ပါသည်။

မေး – AFF Suzuki Cup 2014 ပြိုင်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ရာမှာ ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုနဲ့ စွမ်းဆောင်ရည် အပေါ် ကျေနပ် အားရမှု ရှိပါရဲ့လား။

ဖြေ – ကျေနပ်ပါတယ်။ ကစားသမား အားလုံး ကြိုးစား ကြပါတယ်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကလည်း လိုအပ်တာ မှန်သမျှ ဖြည့်ဆည်း ပေးပါတယ်။ ဆူဇူကီးဖလား ပြိုင်ပွဲအကြို ပြင်ဆင်မှုပိုင်းကို ပြောရမယ် ဆိုရင် ကျွန်တော်တို့ အသင်းမှာ ဒဏ်ရာ ပြဿနာလေးတွေတော့ ရှိနေတယ်။ ဆိုးဆိုးရွားရွား မဟုတ်ဘူး ဆိုပေမယ့် နည်းပြတစ်ယောက် အနေနဲ့တော့ စိတ်ပူ နေရတာပေါ့။

မေး – နည်းပြကြီးက စင်ကာပူ လက်ရွေးစင် အသင်းနဲ့ အတူ အာဆီယံ ချန်ပီယံဆုကို (၃)ကြိမ် ရရှိခဲ့ဖူးတော့ အခုနှစ်ပြိုင်ပွဲမှာ မြန်မာအသင်းရဲ့ နည်းပြချုပ်အနေနဲ့ ဘာတွေမျှော်လင့် ထားပါသလဲ။

ဖြေ – မတူညီတဲ့ အသင်း ၂ သင်းနဲ့ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကို နှိုင်းယှဉ်ပြီး မပြောစကောင်းပါဘူး ထင်ပါတယ်။ အထူးသဖြင့် အောင်မြင်မှုနဲ့ ပတ်သက်လို့ပေါ့ဗျာ။ ဘောလုံးအသင်း နည်းပြတစ်ယောက် အတွက်ကတော့ ပြိုင်ပွဲတိုင်းကို နိုင်ချင်တာပေါ့။ ကျွန်တော်တို့မှာ အခွင့်အရေးတွေ ရှိနေတယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော်တို့ ဒီပြိုင်ပွဲကို ၀င်ပြိုင်ဖို့ အသင်းကို ဖြည်းဖြည်းချင်း တည်ဆောက်ခဲ့တယ်။ ခြေစမ်းပွဲတွေ ကစားခဲ့တယ်။ ခြေစစ်ပွဲ ၀င်ရတယ်။ မနက်ဖန်ဆိုရင် ပြိုင်ပွဲ နောက်ဆုံးအဆင့်ရဲ့ အဖွင့်ပွဲကို ကစားရမယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် အကောင်းဆုံး ပြင်ဆင် ထားပါတယ်။ လက်တလော အနေနဲ့ကတော့ အုပ်စု အဆင့်ကို ကျော်လွှားနိုင်ရေးက အဓိက ပစ်မှတ်ဖြစ်ပါတယ်။

မေး – အခု စင်ကာပူမှာ ယှဉ်ပြိုင်ရမယ့် အုပ်စု(ခ)မှာ ဘယ်အသင်းက အခက်ခဲဆုံးပြိုင်ဘက် ဖြစ်လိမ့်မယ် ထင်ပါသလဲ။

ဖြေ – ကျွန်တော်တို့ အုပ်စုမှာ စင်ကာပူက အိမ်ရှင်လည်း ဖြစ်တယ်။ လက်ရှိ ချန်ပီယံလည်း ဖြစ်တယ်။ ချန်ပီယံ ဖလားကို ၄ ကြိမ် ရဖူးတယ်။ အတွေ့အကြုံရှိတဲ့ ကစားသမားတွေနဲ့ လူငယ်တွေကို အချိုးကျကျ ရောသမထားတဲ့ အသင်း.. ။ ထိုင်းအသင်းကတော့ ချန်ပီယံ ၃ ကြိမ်ဖြစ်ဖူးပြီး၊ ဒီနှစ်မှာ လူငယ်အများစုနဲ့ စုဖွဲ့ထားတယ်။ မလေးရှားက ချန်ပီယံ ၁ ကြိမ်ဖြစ်ဖူးတယ်။ ဒီနှစ်မှာ ၀ါရင့်ကစားသမားတွေ များတယ်။ ကစားရမယ့် ပြိုင်ဘက် ၃ သင်းထဲမှာ ဘယ်အသင်းက အခက်ခဲဆုံးရယ်လို့တော့ ပြောလို့မရပါဘူး။ ပြိုင်ဘက်အသင်းတွေ တစ်သင်းနဲ့ တစ်သင်း ကစားပုံဟန်ပန်နှင့် နည်းဗျူဟာ မတူကြလို့ ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်တွေကို မတူညီတဲ့ နည်းဗျူဟာနဲ့ တုံ့ပြန်ကစားသွားမှာပါ။ သေချာတာကတော့ ၃ ပွဲစလုံးမှာ ရှုံးပွဲမရှိအောင် ကစားပါမယ်။

မေး – မနက်ဖန်(၂၃-၁၁-၁၄)မှာ မလေးရှား အသင်းနဲ့ ကစားမယ့် ပွဲအတွက် တစ်ခုခု မှတ်ချက်ပြု ပြောကြားပေးနိုင်မလား..။

ဖြေ – ပွဲဦးထွက်ဆိုတော့ ၂ ဘက်စလုံးက သတိထားကစားကြလိမ့်မယ်။ သူတို့ အသင်းကစားတဲ့ ခြေစမ်းပွဲတချို့ကို ဗီဒီယို ပြန်ကြည့်ပြီး လေ့လာထားတာတော့ ရှိပါတယ်။ ဒါပေမဲ့ ခြေစမ်းပွဲနဲ့ ပြိုင်ပွဲဆိုတာ မတူပါဘူး။ ကျွန်တော် ထွေထွေထူးထူး မပြောချင်ပါဘူး။ ကျွန်တော့် ကစားသမားတွေကို ဆိုးရွားမိုက်မဲတဲ့ အမှားတွေ မကျူးလွန်ဖို့နဲ့ အာရုံစူးစိုက်မှုအပြည့်ရှိဖို့ပဲ အလေးထားမှာကြားထားပါတယ်။


November 6th, 2014

About KBZ Football Club

KBZ Football Club was founded in year 2005 and played as an amateur club in Myanmar League which was the highest football league in Myanmar. The first ever manager is U Myo Win Nyunt and coach is U Ye Nyunt. Since 2009, KBZ Football Club changed as a professional football club to play in Myanmar National League (Professional League) which was changed from Myanmar League.

Read More ...