ဂိုးသမားမျိုးမင်းလတ် ကမ္ဘောဇအသင်းနှင့် စတင် လေ့ကျင့်

ဂိုးသမားမျိုးမင်းလတ် ကမ္ဘောဇအသင်းနှင့် စတင် လေ့ကျင့်

မြန်မာယူ-၂၀ အသင်းနှင့်အတူ 2015 FIFA U20 World Cup ယှဉ်ပြိုင်ခဲ့သော ဂိုးသမား မျိုးမင်းလတ်သည် ယနေ့(၁၆-၆-၁၅)ရက်နေ့တွင် ကမ္ဘောဇ အသင်းနှင့် အတူ လေ့ကျင့်ရေး စတင်ပြီဖြစ်သည်။ (၁-၁-၁၅)ရက်နေ့တွင် ကမ္ဘောဇ အသင်းနှင့် ကာလရှည် ကန်ထရိုက်စာချုပ် ချုပ်ဆိုခဲ့သော အဆိုပါ ...

ကမ္ဘောဇ အသင်း နည်းဗျူဟာ ဆွေးနွေးပွဲ

ကမ္ဘောဇ အသင်း နည်းဗျူဟာ ဆွေးနွေးပွဲ

ကမ္ဘောဇ ဘောလုံး အသင်းသားများ နည်းဗျူဟာ ဆွေးနွေးပွဲကို (၃-၆-၁၅)ရက်နေ့က ကမ္ဘောဇ အသင်း အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ အသင်းဥက္ကဌ ဦးခင်မောင်လတ်နှင့် အသင်း တာဝန်ရှိသူများ၊ နည်းစနစ် ဒါရိုက်တာ မစ္စတာဆာရစ်နှင့် နည်းပြအဖွဲ့၊ ကစားသမားများ တက်ရောက်ခဲ့ကြသည်။   အခမ်းအနားတွင် အသင်းဥက္ကဌက ...

ကမ္ဘောဇကို အကြိတ်အနယ် ကစားပြီး နောက်ကျ ဂိုးများဖြင့် မြန်မာ့ လက်ရွေးစင် အနိုင်ရ

ကမ္ဘောဇကို အကြိတ်အနယ် ကစားပြီး နောက်ကျ ဂိုးများဖြင့် မြန်မာ့ လက်ရွေးစင် အနိုင်ရ

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသား ဘောလုံး အသင်းသည် ယနေ့ညနေ ၄း၃၀ နာရီက သုဝဏ္ဏ အားကစားကွင်းတွင် ကမ္ဘောဇ အသင်းနှင့် ခြေစမ်း ကစားခဲ့ရာ အကြိတ်အနယ် ကစားခဲ့ရပြီးမှ အနိုင် ...

ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့သော ပွဲများကို နှမြောမိဟု ဖိုလန် ဆို

ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့သော ပွဲများကို နှမြောမိဟု ဖိုလန် ဆို

ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ရသော ပွဲများကို နှမြောမိကြောင်း တိုက်စစ်မှူး ကာလက်ဖိုလန်က ဖွင့်ဟပြောကြားသည်။ ယခုရာသီ အစတွင် ကမ္ဘောဇ အသင်းသို့ ရောက်ရှိခဲ့သော အသက် ၃၂နှစ်အရွယ်ရှိ အဆိုပါ အိုင်ယာလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်းသည် တံကောက်ကြော ဒဏ်ရာကြောင့် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် အများစုကို ...

ဂိုးသမားမျိုးမင်းလတ် ကမ္ဘောဇအသင်းနှင့် စတင် လေ့ကျင့်

ဂိုးသမားမျိုးမင်းလတ် ကမ္ဘောဇအသင်းနှင့် စတင် လေ့ကျင့်

Posted by admin on Jun 17, 20151
ကမ္ဘောဇ အသင်း နည်းဗျူဟာ ဆွေးနွေးပွဲ

ကမ္ဘောဇ အသင်း နည်းဗျူဟာ ဆွေးနွေးပွဲ

Posted by admin on Jun 4, 20152
ကမ္ဘောဇကို အကြိတ်အနယ် ကစားပြီး နောက်ကျ ဂိုးများဖြင့် မြန်မာ့ လက်ရွေးစင် အနိုင်ရ

ကမ္ဘောဇကို အကြိတ်အနယ် ကစားပြီး နောက်ကျ ဂိုးများဖြင့်

Posted by admin on May 28, 20153
ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့သော ပွဲများကို နှမြောမိဟု ဖိုလန် ဆို

ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့သော ပွဲများကို နှမြောမိဟု ဖိုလန်

Posted by admin on May 28, 20154

Latest Headlines

ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ရသော ပွဲများကို နှမြောမိကြောင်း တိုက်စစ်မှူး ကာလက်ဖိုလန်က ဖွင့်ဟပြောကြားသည်။

ယခုရာသီ အစတွင် ကမ္ဘောဇ အသင်းသို့ ရောက်ရှိခဲ့သော အသက် ၃၂နှစ်အရွယ်ရှိ အဆိုပါ အိုင်ယာလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်းသည် တံကောက်ကြော ဒဏ်ရာကြောင့် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် အများစုကို လွဲချော်ခဲ့သည်။

“MNL နားတဲ့အချိန်မှာ ကျွန်တော့်ဇာတိမြေ အင်္ဂလန်ကိုပြန်ပြီး ဒဏ်ရာကို သေချာကုသခဲ့ပါတယ်။ အခုတော့ တော်တော်ကောင်းနေပါပြီ။ ရာသီအစပိုင်းမှာ ပွဲတွေလွဲချော်ခဲ့လို့ နှမျောမိတယ်။ ရာသီလက်ကျန်ပွဲတွေမှာ ပွဲတိုင်းကစားပြီး ဂိုးတွေသွင်းချင်ပါတယ်”ဟု ဖိုလန်က ပြောသည်။

ဖိုလန်သည် ယခုရာသီ MNL တွင် ကမ္ဘောဇအသင်းအတွက် ၅ ပွဲကစား၍ ၃ ဂိုးသွင်းယူထားသည်။ အင်္ဂလန်နိုင်ငံ၊ လိဒ်စ်မြို့ဇာတိ ဖိုလန်သည် ဗြိတိန်နိုင်ငံသားဖြစ်သော်လည်း၊ အဘိုးနှင့်အဘွား အိုင်ယာလန်ဇာတိဖြစ်လျှင် အိုင်ယာလန်အသင်းအတွက်ကစားခွင့်ပေးသည့် အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်၏ မူဝါဒကြောင့်အိုင်ယာလန်လက်ရွေးစင်အသင်းအတွက် ၇ ပွဲကစားခဲ့သည်။


May 28th, 2015

ကမ္ဘောဇ အသင်းမှ မော်လ်ဒိုက် ကွင်းလယ် ကစားသမား ဘာကာအာရစ်သည် ကာတာအသင်း၊ ဟောင်ကောင် အသင်းတို့နှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင် ကစားမည့် မော်လ်ဒိုက် လက်ရွေးစင် အသင်းတွင် ပါဝင် ကစားရန် ခေါ်ယူခြင်း ခံရသည်။

(၁၁-၆-၁၅)ရက်နေ့တွင် ကာတာ အသင်းနှင့် လည်းကောင်း၊ (၁၆-၆-၁၅)ရက်နေ့တွင် ဟောင်ကောင်အသင်းနှင့် လည်းကောင်း ယှဉ်ပြိုင် ကစားမည့် မော်လ်ဒိုက် လက်ရွေးစင် အသင်းသည် (၁၅-၅-၁၅)ရက်နေ့မှစတင်၍ တောင်ကိုရီးယားနိုင်ငံ၌ စခန်းသွင်း လေ့ကျင့်မည်ဖြစ်ရာ ကမ္ဘောဇ အသင်း အနေဖြင့် ဘာကာအရစ်အား ယနေ့(၁၃-၅-၁၅)ရက်နေ့မှ စတင်၍ သက်ဆိုင်ရာနိုင်ငံ လက်ရွေးစင် အသင်းအတွက် စေလွှတ်ပေးလိုက်ပြီဖြစ် သည်။


May 15th, 2015

အောင်ဆန်းကွင်း၌ ယနေ့ညနေ ခြေစမ်း ကစားခဲ့သော ပွဲတွင် အဓိက ကစားသမား အများစုကို အနားပေး၍ လူငယ် ကစားသမားများကိုသာ ပွဲထုတ်ခဲ့သော ကမ္ဘောဇ အသင်းသည် ဇွဲကပင် ယူနိုက်တက် အသင်းအား (၅-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

သိန်းသန်းဝင်း၊ ရန်အောင်ဝင်း၊ ဘာကာ၊ မင်းမင်းထွန်း၊ နိုင်စိုးဝေ၊ စိုးပိုင်သွေးစသည့် ကစားသမား များကို အမာခံ ထားလျက် လူငယ် ကစားသမားများဖြင့် ပွဲခဲ့သော ကမ္ဘောဇ အသင်းကို ဇွဲကပင် အသင်းက နိုင်ငံခြားသားများ အပါအ၀င် လူစုံထုတ်၍ တုံ့ပြန်ခဲ့သည်။ ဇွဲကပင် အသင်းက ၉ မိနစ်၊ ၂၂ မိနစ်၊ ၅၃ မိနစ်၊ ၇၀ မိနစ်နှင့် ၈၁ မိနစ်များတွင် ဂိုးများ သွင်းယူခဲ့ပြီး၊ ကမ္ဘောဇ အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ကမ္ဘောဇယူ-၂၁ အသင်းမှ တိုက်စစ်မှူး ကောင်းမြတ်ကျော်က သွင်းယူခဲ့သည်။

ကမ္ဘောဇ အသင်းသည် ယခုခြေစမ်းပွဲတွင် ကမ္ဘောဇယူ-၂၁ အသင်းမှ ကစားသမား၇ ဦးအထိ ထည့်သွင်း ကစားစေခဲ့သည်။

ပွဲထွက် လူစာရင်း

ဂိုး – ဖြိုးမင်းမောင်။

နောက်တန်း – ရန်အောင်ဝင်း၊ အေးဆန်း၊ အောင်မျိုးသူဟိန်းဇော်၊ သိန်းသန်းဝင်း။

အလယ်တန်း – နိုင်စိုးဝေ၊ ဘာကာ၊ သီဟသူ၊ စိုးကျော်ဦး။


May 15th, 2015

ကမ္ဘောဇ အသင်း၏ နည်းစနစ် ဒါရိုက်တာ မစ္စတာ ဂျာဗတ်ဆာရစ်က အသင်းခေါင်းဆောင် နောက်ခံ ကစားသမားဟောင်း ဦးဟန်ဝင်းအောင်အား စီနီယာ အသင်း၏ ကြံ့ ခိုင်ရေး နည်းပြအဖြစ် တာဝန်ပေးအပ် လိုက်သည်။

၂၀၁၄ ဘောလုံးရာသီ အကုန်တွင် ဘောလုံးသမား ဘ၀မှ အနားယူ၍ ကမ္ဘောဇ လူငယ်အသင်း၏ သင်းအုပ်ချုပ်သူ အဖြစ် တာဝန်ယူခဲ့သော ဦးဟန်ဝင်းအောင်သည် AFC ‘C’ License နည်းပြသင်တန်းကို တက်ရောက် ထားသူဖြစ်ပြီး၊ လောလာဆယ်တွင် Fitness Coaching နှင့် ပတ်သက်သော ပညာရပ်များအား နည်းစနစ် ဒါရိုက်တာ မစ္စတာဆာရစ်ထံမှ အနီးကပ် သင်ယူလျက်ရှိသည်။

ဦးဟန်ဝင်းအောင်သည် ကမ္ဘောဇ အသင်းအတွက် ပြိုင်ပွဲ အရပ်ရပ် ပရော်ဖက်ရှင်နယ်ပွဲပေါင်း(၁၁၇)ကစားခဲ့ပြီး၊ (၅)ဂိုး သွင်းယူပေးခဲ့သည်။


May 15th, 2015

ကမ္ဘောဇ အသင်းသည် ယနေ့ ညနေတွင် ရခိုင် ယူနိုက်တက် အသင်းနှင့် ခြေစမ်း ကစားရာ (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ကမ္ဘောဇအသင်းအတွက်ဂိုးများကို ဖိုလန်(၁၅ မိနစ်)နှင့် စိုးကျော်ဦး(၇၃ မိနစ်)တို့က သွင်းယူ၍ ရခိုင်အသင်း အတွက် ချစ်ကိုကိုက ၅၁ မိနစ်တွင် ပင်နယ်တီမှ တဆင့်သွင်းယူခဲ့သည်။

ကမ္ဘောဇအသင်း နည်းစနစ်ဒါရိုက်တာ ဂျာဗတ်ဆာရစ်သည် ပြီးခဲ့သည့်ခြေစမ်းပွဲကအတိုင်း ပထမပိုင်းတွင် တစ်သင်း၊ ဒုတိယပိုင်းတွင် တစ်သင်း ပွဲထွက် ကစားစေခဲ့သည်။ ပွဲချိန် ၁၅ မိနစ်တွင် တိုက်စစ်မှူးဖိုလန်က ၂၅ ကိုက်ခန့်မှ အပြင်းကန်သွင်းကာ အဖွင့်ဂိုးကို သွင်းယူခဲ့သည်။

ပွဲချိန် ၅၁ မိနစ်တွင် ကမ္ဘောဇနောက်ခံလူ ဂိုးဧရိယာအတွင်း လက်ထိသည်ဟုဆိုကာ ဂိုးလယ်ဒိုင်က ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ရာ ချစ်ကိုကိုက ဂိုးအဖြစ်ပြောင်းလဲခဲ့သည်။ ပွဲချိန် ၇၃ မိနစ်တွင် ညာတောင်ပံမှ နိုင်စိုးဝေ၏ ဖြတ်တင်ဘောကို စိုးကျော်ဦးက ပိတ်သွင်းသဖြင့် ကမ္ဘောဇအသင်း အနိုင်ဂိုး ရရှိခဲ့သည်။

ပထမပိုင်း လူစာရင်း

ဂိုး- ဖြိုးမင်းမောင်။

နောက်တန်း- ရန်အောင်ဝင်း၊ ဇန်ဘိုထွန်း၊ အိုဘာဒင်၊ ဥာဏလွင်။

အလယ်တန်း- နေဇော်ထက်၊ လှအေးထွေး၊ ဘာကာ၊ ဂျော်ဂျီ။

ရှေ့တန်း- စိုးမင်းဦး၊ ဖိုလန်။

လူစားဝင်ကစားသူများ- အောင်မျိုးသူဟိန်းဇော်၊ စိုးကျော်ဦး။
………………………………………………

ဒုတိယပိုင်းလူစာရင်း

ဂိုး- ဥာဏ်ထက်။

နောက်တန်း- နိုင်စိုးဝေ၊ အေးဆန်း၊ အောင်မျိုးသူဟိန်းဇော်၊ ကောင်းမြတ်ဟန်။

အလယ်တန်း- သိန်းသန်းဝင်း၊ သီဟသူ၊ နေ၀င်းအောင်၊ စိုးကျော်ဦး။

ရှေ့တန်း- မင်းမင်းထွန်း၊ စိုးပိုင်သွေး။


May 15th, 2015

About KBZ Football Club

KBZ Football Club was founded in year 2005 and played as an amateur club in Myanmar League which was the highest football league in Myanmar. The first ever manager is U Myo Win Nyunt and coach is U Ye Nyunt. Since 2009, KBZ Football Club changed as a professional football club to play in Myanmar National League (Professional League) which was changed from Myanmar League.

Read More ...