မစ္စတာဆာရစ်အား နည်းစနစ် ဒါရိုက်တာ အဖြစ် ပြောင်းလဲခန့်အပ်

မစ္စတာဆာရစ်အား နည်းစနစ် ဒါရိုက်တာ အဖြစ် ပြောင်းလဲခန့်အပ်

ကမ္ဘောဇဘောလုံး အသင်းသည် အသင်း၏ ဘော့စနီးယားနိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ မစ္စတာဂျာဗတ်ဆာရစ်အား ယနေ့(၁၁-၃-၁၅)ရက်နေ့မှစတင်၍ နည်းစနစ် ဒါရိုက်တာ အဖြစ် ပြောင်းလဲ ခန့်ထားလိုက်သည်။ ဘော့စနီးယားနိုင်ငံ၊ ဆာရာယေဗို တက္ကသိုလ်မှ အားကစားနှင့် ကာယပညာ အထူးပြု ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိခဲ့သော ဒေါက်တာ ဆာရစ်သည် ...

ဧရာဝတီယူနိုက်တက်အသင်းနှင့်ပွဲမတိုင်မီ ပွဲပယ်/ ဒဏ်ရာ သတင်း

ဧရာဝတီယူနိုက်တက်အသင်းနှင့်ပွဲမတိုင်မီ ပွဲပယ်/ ဒဏ်ရာ သတင်း

ကမ္ဘောဇအသင်းမှ အောက်ဖော်ပြပါကစားသမားများသည် (၇-၃-၁၅)ရက်နေ့တွင် ပုသိမ်မြို့ရှိ ကျောက်တိုင်အားကစားကွင်း၌ MNL 2015 ပွဲစဉ် ၉ အဖြစ် ဧရာဝတီယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်မည့်ပွဲအား လွဲချော်မည်ဖြစ်သည်။ (က) ရန်အောင်ဝင်း (ပွဲပယ်) * အ၀ါကတ် ၃ ကတ် (ခ) နေဇော်ထက် (ခြေသလုံးကြွက်သားဒဏ်ရာ) (ဂ) ဖိုလန် ...

ရန်ကုန် ယူနိုက်တက် အသင်းအား ယုံကြည်မှု အပြည့်ဖြင့် ယှဉ်ပြိုင်မည်ဟု စီနီယာ ကစားသမားများ ဖွင့်ဟ

ရန်ကုန် ယူနိုက်တက် အသင်းအား ယုံကြည်မှု အပြည့်ဖြင့် ယှဉ်ပြိုင်မည်ဟု စီနီယာ ကစားသမားများ ဖွင့်ဟ

ရန်ကုန် ယူနိုက်တက် အသင်းသည် MNL ထိပ်တန်း အသင်းကြီး တစ်သင်းဖြစ်သည်နှင့် အမျှ ၄င်းတို့အား ခက်ခဲစွာ ကစားရလိမ့်မည် ဖြစ်သော်လည်း အိမ်ကွင်း၌ ယုံကြည်မှု အပြည့်ဖြင့် အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားရန် ကမ္ဘောဇ အသင်း၏ စီနီယာ ကစားသမား ...

ယခုရာသီ ပထမဆုံး ၂ ပွဲဆက်တိုက်နိုင်ပွဲကို ရယူနိုင်ခဲ့

ယခုရာသီ ပထမဆုံး ၂ ပွဲဆက်တိုက်နိုင်ပွဲကို ရယူနိုင်ခဲ့

ခက်ခက်ခဲခဲ ကစားခဲ့ရသော ပွဲတွင် အဖိုးတန်အနိုင် ၃ မှတ် ရယူနိုင် ခဲ့သဖြင့် စိတ်သက်သာရာ ရခဲ့ကြောင်း နည်းပြချုပ် ဦးစိုးမြတ်မင်းက ဇွဲကပင် ယူနိုက်တက် အသင်းအား အနိုင်ရသော ပွဲအပြီး၌ ပြောကြားသည်။   ကမ္ဘောဇအသင်းသည် MNL 2015 ပွဲစဉ် ၇ ...

မစ္စတာဆာရစ်အား နည်းစနစ် ဒါရိုက်တာ အဖြစ် ပြောင်းလဲခန့်အပ်

မစ္စတာဆာရစ်အား နည်းစနစ် ဒါရိုက်တာ အဖြစ် ပြောင်းလဲခန့်အပ်

Posted by admin on Mar 16, 20151
ဧရာဝတီယူနိုက်တက်အသင်းနှင့်ပွဲမတိုင်မီ ပွဲပယ်/ ဒဏ်ရာ သတင်း

ဧရာဝတီယူနိုက်တက်အသင်းနှင့်ပွဲမတိုင်မီ ပွဲပယ်/ ဒဏ်ရာ သတင်း

Posted by admin on Mar 7, 20152
ရန်ကုန် ယူနိုက်တက် အသင်းအား ယုံကြည်မှု အပြည့်ဖြင့် ယှဉ်ပြိုင်မည်ဟု စီနီယာ ကစားသမားများ ဖွင့်ဟ

ရန်ကုန် ယူနိုက်တက် အသင်းအား ယုံကြည်မှု အပြည့်ဖြင့်

Posted by admin on Mar 3, 20153
ယခုရာသီ ပထမဆုံး ၂ ပွဲဆက်တိုက်နိုင်ပွဲကို ရယူနိုင်ခဲ့

ယခုရာသီ ပထမဆုံး ၂ ပွဲဆက်တိုက်နိုင်ပွဲကို ရယူနိုင်ခဲ့

Posted by admin on Feb 24, 20154

Latest Headlines

အိမ်ကွင်း ပရိသတ်များရှေ့မှောက်တွင် အရေးပါသော နိုင်ပွဲတစ်ပွဲ ထပ်မံရရှိခဲ့သည့်အတွက် ကျေနပ်မိသည်ဟု နေပြည်တော်အသင်းအား အနိုင်ရသော ပွဲအပြီးတွင် ဦးစိုးမြတ်မင်းက ပြောကြားသည်။

 

ကမ္ဘောဇ အသင်းသည် MNL 2015 ပွဲစဉ် ၆ အဖြစ် ယနေ့ညနေတွင် တောင်ကြီး အိမ်ကွင်း၌ နေပြည်တော် အက်ဖ်စီအသင်းနှင့် ယှဉ်ပြိုင် ကစားရာ (၂-၁)ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

 

“ဒီပွဲမှာ အနိုင်ရလဒ် အတွက် ကျေနပ်ပါတယ်။ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ နောက်ထပ်နိုင်ပွဲ ထပ်ရလို့ ၀မ်းသာပါတယ်”ဟု နည်းပြချုပ်က ပြောသည်။

 

ဒဏ်ရာပြဿနာများရှိနေသော တိုက်စစ်မှူးဖိုလန်နှင့် ကွင်းလယ်ကစားသမား ဂျော်ဂျီတို့ မပါဝင်နိုင်သည့် ကမ္ဘောဇအသင်းသည် အသင်းခေါင်းဆောင်ဝင်းမင်းထွဋ်ကို ကွင်းလယ်သို့တင်၍ တိုက်စစ်ပိုင်းတွင် စိုးမင်းဦး၊ ကျော်ဇေယျာဝင်းတို့ကို ထားလျက် အထောင် တိုက်စစ်မှူးစစ်စစ် မပါဘဲ ခင်းကျင်းပွဲထွက်ခဲ့သည်။

 

ပွဲစသည်နှင့် အိမ်ရှင်အသင်းက ကစားရှိန်မြှင့်ခဲ့ရာ ဦးဆောင်ဂိုးများလည်း စောစီးစွာ ရရှိခဲ့သည်။ ပွဲစပြီး ၂ မိနစ်မှာပင် ကျော်ဇေယျာဝင်း၏ ပြစ်ဒဏ်ဘောကို စိုးမင်းဦးက ပိတ်သွင်းကာ ပထမဂိုးသွင်းပြီး၊ ပွဲချိန် ၁၂ မိနစ်၌ ကျော်ဇေယျာဝင်းက အလွတ်တည်ကန်ဘောကို တိုက်ရိုက်ကန်သွင်းကာ ဒုတိယဦးဆောင်ဂိုးသွင်းသည်။

 

ပွဲချိန် ၁၄ မိနစ်တွင် ကမ္ဘောဇနောက်ခံလူတစ်ဦး ဂိုးဧရိယာအတွင်း လက်ထိသည်ဟုဆိုက ကွင်းလယ်ဒိုင်က ပင်နယ်တီပေးသည်ကို နီမောင်မောင်အောင် ကန်သွင်းသော်လည်း ကမ္ဘောဇဂိုးသမား ကျော်ဇင်ထက် ပုတ်ထုတ်ကာကွယ်လိုက်နိုင်သည်။ အဆိုပါ ပုတ်ထုတ်ကာကွယ်မှုသည် ကျော်ဇင်ထက်၏ MNL ကစားသမားဘ၀တလျှောက် ပဉ္စမအကြိမ်မြောက် ပင်နယ်တီကာကွယ်နိုင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 

ပွဲချိန် ၂၂ မိနစ်တွင် နေပြည်တော်အသင်းအတွက် တစ်လုံးတည်းသော ဂိုးကို နီမောင်မောင်အောင်က ဧရိယာအပြင်မှာ အပြင်း ကန်သွင်းယူသွားခဲ့သည်။

 

“ကျွန်တော့်အသင်းရဲ့ ပွဲအစပိုင်းကစားပုံကို အားရတယ်။ တစ်ပွဲလုံးအနေနဲ့ ခြုံပြီးသုံးသပ်ရမယ်ဆိုရင်တော့ တိုက်စစ်ကစားပုံ တိုးတက်လာတယ်။ ကျွန်တော့်ကစားသမားတွေ မလောဘူးဆိုရင် ဂိုးတွေ ဒီထက်ပိုရနိုင်တယ်”ဟု ဦးစိုးမြတ်မင်းက ပြောကြားခဲ့သည်။


February 24th, 2015

ရရှိသော အခွင့်အရေး များကို အသုံး မချနိုင်ခဲ့၍ အမှတ် ၂ မှတ် ဆုံးရှုံး ခဲ့ခြင်းဖြစ်သည်ဟု ချင်းယူနိုက်တက်အသင်းနှင့် တစ်ဂိုးစီ သရေကျသော ပွဲအပြီးတွင် နည်းပြချုပ် ဦးစိုးမြတ်မင်းက ပြောကြားသည်။

 

ကမ္ဘောဇအသင်းသည် MNL 2015 ပွဲစဉ် ၅ အဖြစ် ယနေ့(၈-၂-၁၅)ရက်နေ့တွင် အောင်ဆန်းကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၁-၁)ဂိုးဖြင့် သရေကျခဲ့သည်။ ကမ္ဘောဇ အသင်းအတွက် ဦးဆောင်ဂိုးကို နောက်ခံလူ အိုဘာဒင်က သွင်းယူ၍ ချင်းအသင်းအတွက် တိုက်စစ်မှူး မက်သယူးက ပြန်လည်ချေပခဲ့သည်။

 

“နှစ်သင်းစလုံး အကြိတ်အနယ် ကစားခဲ့ပြီး၊ အခွင့်အရေးတွေလည်း အများကြီးရခဲ့ကြတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ ရတဲ့ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့လို့ အခုလိုရလဒ် ထွက်ပေါ်ခဲ့တာပါ။ ဒီလိုပွဲမျိုးမှာ အမှတ်ပြည့်မယူနိုင်ရင်တော့ ချန်ပီယံမျှော်လင့်ချက်ကို ထိခိုက်နိုင်ပါတယ်”ဟု နည်းပြချုပ်က ဖွင့်ဟခဲ့သည်။

 

ယနေ့ပွဲရလဒ်သည် ယခုရာသီတွင် ၅ ပွဲကစားထားသော ကမ္ဘောဇအသင်းအတွက် တတိယမြောက် သရေပွဲဖြစ်သည်။


February 9th, 2015

ချင်း ယူနိုက်တက်နှင့် ပွဲတွင် အမှတ်ပြည့် ရအောင် ကြိုးစား သွားမည်ဟု နည်းပြချုပ် ဦးစိုးမြတ်မင်းက ပြောကြားသည်။

 

ကမ္ဘောဇ အသင်းသည် (၈-၂-၁၅)ရက်နေ့၊ ညနေ (၄း၀၀)နာရီတွင် MNL 2015 ပွဲစဉ် ၅ အဖြစ် အောင်ဆန်းကွင်း၌ ချင်းယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

 

“ချင်းယူနိုက်တက် အသင်းဟာ မာကျောတဲ့ အသင်းကောင်း တစ်သင်းပါ။ ကျွန်တော့် အနေနဲ့ကတော့ ချင်းအသင်းကို အနိုင် ကစားပြီး အမှတ်ပြည့် ရအောင် ကြိုးစားမှာပါ။ ကျွန်တော်တို့ အသင်းဟာ ပြီးခဲ့တဲ့ ပွဲအချို့မှာ ရသင့်တဲ့အမှတ်တွေ ဆုံးရှုံးခဲ့လို့ ဒီပွဲကို အနိုင်ရမှ ဖြစ်မှာပါ” ဟု နည်းပြချုပ်က ပြောသည်။

 

ချင်းယူနိုက်တက် အသင်းနှင့် ရင်ဆိုင်မည့် ကမ္ဘောဇ အသင်းတွင် ကွင်းလယ် ကစားသမားများ ဖြစ်ကြသည့် ဂျော်ဂျီ(ခြေကျင်းဝတ်)၊ လှအေးထွေး(တံကောက်ကြော)နှင့် ချစ်လှအောင်(ခြေကျင်းဝတ်)တို့ ဒဏ်ရာ ရနေသည်။

 


February 4th, 2015

အသင်း တာဝန် ရှိသူများ

ဦးလှဝင်း(အသင်းအုပ်ချုပ်သူ)၊ ဦးချမ်းမြေ့လှိုင် (မီဒီယာအရာရှိ)၊ ဦးစိုးမြတ်မင်း (နည်းပြချုပ်)၊ ဦးမင်းဇော်ဦး(လက်ထောက်နည်းပြ)၊ Mr. Dzevad Saric(ကြံ့  ခိုင်ရေးနည်းပြ)၊ ဦးဟန်ထွန်း(လက်ထောက်နည်းပြ)၊ ဦးအောင်ထွန်းထွန်း(လက်ထောက်နည်းပြ)၊ ဦးသိန်းထွန်းသိန်း(ဂိုးနည်းပြ)

 

 

ကစားသမားများ (ကျောနံပါတ်)

၁။ ကျော်ဇင်ထက် (၁) [ဂိုးသမား]
၂။ ဖြိုးမင်းမောင်(၁၈) [ဂိုးသမား]
၃။ ဥာဏ်ထက်(၃၀) [ဂိုးသမား]
၎။ ရန်အောင်ဝင်း(၂)
၅။ ၀င်းမင်းထွဋ် (၄)
၆။ ဥာဏလွင် (၅)
၇။ နေ၀င်းအောင် (၆)
၈။ ကျော်ဇေယျာဝင်း (၇)
၉။ မိုင်းအိုက်နိုင် (၈)
၁၀။ မင်းမင်းထွန်း (၉)
၁၁။ စိုးမင်းဦး (၁၀)
၁၂။ သိန်းသန်းဝင်း (၁၁)
၁၃။ နိုင်စိုးဝေ (၁၃)
၁၄။ လှအေးထွေး (၁၄)
၁၅။ သိန်းနိုင်ဦး (၁၇)
၁၆။ စိုးကျော်ဦး (၁၉)
၁၇။ ချစ်လှအောင် (၂၁)
၁၈။ နေဇော်ထက် (၂၂)
၁၉။ ဇန်ဘိုထွန်း (၂၃)
၂၀။ စိုးပိုင်သွေး (၂၄)
၂၁။ ဇော်လင်း (၂၅)
၂၂။ အိုဘာဒင် (၂၆)
၂၃။ ဖိုလန် (၂၇)
၂၄။ ဂျော်ဂျီ (၂၈)
၂၅။ ဘာကာအာရစ် (၂၉)


January 2nd, 2015

About KBZ Football Club

KBZ Football Club was founded in year 2005 and played as an amateur club in Myanmar League which was the highest football league in Myanmar. The first ever manager is U Myo Win Nyunt and coach is U Ye Nyunt. Since 2009, KBZ Football Club changed as a professional football club to play in Myanmar National League (Professional League) which was changed from Myanmar League.

Read More ...