နည်းစနစ် ဒါရိုက်တာ မစ္စတာဆာရစ်၏ ပွဲကြို ပြောစကား

နည်းစနစ် ဒါရိုက်တာ မစ္စတာဆာရစ်၏ ပွဲကြို ပြောစကား

မကွေးအက်ဖ်စီ အသင်းအပေါ် အမြင် ``မကွေး အက်ဖ်စီ အသင်းဟာ လူငယ်တွေ များပြီး လျင်မြန်တယ်။ အင်တိုက်အားတိုက် ကစားနိုင်တယ်။ ငယ်ရွယ်နုပျိုတဲ့ အသင်းကောင်းတစ်သင်းပါ´´ မျှော်လင့်ချက် ``ဒီပွဲမှာ ၃ မှတ်အပြည့်ရဖို့ မျှော်လင့်ထားပါတယ်။ ဒီပွဲ ရလဒ်ဟာ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ပြိုင်ဘက်က ကောင်းတဲ့အတွက် သတိဝီရိယနဲ့ ...

ဂိုးသမားမျိုးမင်းလတ် ကမ္ဘောဇအသင်းနှင့် စတင် လေ့ကျင့်

ဂိုးသမားမျိုးမင်းလတ် ကမ္ဘောဇအသင်းနှင့် စတင် လေ့ကျင့်

မြန်မာယူ-၂၀ အသင်းနှင့်အတူ 2015 FIFA U20 World Cup ယှဉ်ပြိုင်ခဲ့သော ဂိုးသမား မျိုးမင်းလတ်သည် ယနေ့(၁၆-၆-၁၅)ရက်နေ့တွင် ကမ္ဘောဇ အသင်းနှင့် အတူ လေ့ကျင့်ရေး စတင်ပြီဖြစ်သည်။ (၁-၁-၁၅)ရက်နေ့တွင် ကမ္ဘောဇ အသင်းနှင့် ကာလရှည် ကန်ထရိုက်စာချုပ် ချုပ်ဆိုခဲ့သော အဆိုပါ ...

ကမ္ဘောဇ အသင်း နည်းဗျူဟာ ဆွေးနွေးပွဲ

ကမ္ဘောဇ အသင်း နည်းဗျူဟာ ဆွေးနွေးပွဲ

ကမ္ဘောဇ ဘောလုံး အသင်းသားများ နည်းဗျူဟာ ဆွေးနွေးပွဲကို (၃-၆-၁၅)ရက်နေ့က ကမ္ဘောဇ အသင်း အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ အသင်းဥက္ကဌ ဦးခင်မောင်လတ်နှင့် အသင်း တာဝန်ရှိသူများ၊ နည်းစနစ် ဒါရိုက်တာ မစ္စတာဆာရစ်နှင့် နည်းပြအဖွဲ့၊ ကစားသမားများ တက်ရောက်ခဲ့ကြသည်။   အခမ်းအနားတွင် အသင်းဥက္ကဌက ...

ကမ္ဘောဇကို အကြိတ်အနယ် ကစားပြီး နောက်ကျ ဂိုးများဖြင့် မြန်မာ့ လက်ရွေးစင် အနိုင်ရ

ကမ္ဘောဇကို အကြိတ်အနယ် ကစားပြီး နောက်ကျ ဂိုးများဖြင့် မြန်မာ့ လက်ရွေးစင် အနိုင်ရ

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသား ဘောလုံး အသင်းသည် ယနေ့ညနေ ၄း၃၀ နာရီက သုဝဏ္ဏ အားကစားကွင်းတွင် ကမ္ဘောဇ အသင်းနှင့် ခြေစမ်း ကစားခဲ့ရာ အကြိတ်အနယ် ကစားခဲ့ရပြီးမှ အနိုင် ...

နည်းစနစ် ဒါရိုက်တာ မစ္စတာဆာရစ်၏ ပွဲကြို ပြောစကား

နည်းစနစ် ဒါရိုက်တာ မစ္စတာဆာရစ်၏ ပွဲကြို ပြောစကား

Posted by admin on Jul 6, 20151
ဂိုးသမားမျိုးမင်းလတ် ကမ္ဘောဇအသင်းနှင့် စတင် လေ့ကျင့်

ဂိုးသမားမျိုးမင်းလတ် ကမ္ဘောဇအသင်းနှင့် စတင် လေ့ကျင့်

Posted by admin on Jun 17, 20152
ကမ္ဘောဇ အသင်း နည်းဗျူဟာ ဆွေးနွေးပွဲ

ကမ္ဘောဇ အသင်း နည်းဗျူဟာ ဆွေးနွေးပွဲ

Posted by admin on Jun 4, 20153
ကမ္ဘောဇကို အကြိတ်အနယ် ကစားပြီး နောက်ကျ ဂိုးများဖြင့် မြန်မာ့ လက်ရွေးစင် အနိုင်ရ

ကမ္ဘောဇကို အကြိတ်အနယ် ကစားပြီး နောက်ကျ ဂိုးများဖြင့်

Posted by admin on May 28, 20154

Latest Headlines

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသား ဘောလုံး အသင်းသည် ယနေ့ညနေ ၄း၃၀ နာရီက သုဝဏ္ဏ အားကစားကွင်းတွင် ကမ္ဘောဇ အသင်းနှင့် ခြေစမ်း ကစားခဲ့ရာ အကြိတ်အနယ် ကစားခဲ့ရပြီးမှ အနိုင် ရခဲ့သည်။

မြန်မာ့ လက်ရွေးစင် အသင်းတွင် ပွဲထွက် ကစားသမားများ အဖြစ် ရန်အောင်လင်း (ဂိုး)၊ အောင်ဇော်၊ ၀င်းမင်းထွဋ်၊ ဇော်မင်းထွန်း၊ ခင်မောင်လွင်၊ ဟိန်းဇာအောင်၊ ရန်အောင်ကျော်၊ ကျော်ဇေယျာဝင်း၊ ကြည်လင်း၊ ဆောင်လမန်၊ ကျော်ကိုကို တို့ ကစားခဲ့ပြီး ကမ္ဘောဇ အသင်းတွင် ဖိုလန် အပါအ၀င် နိုင်ငံခြား ကစားသမား သုံးဦးနှင့် စိုးမင်းဦး၊ နေဇော်ထက်၊ လှအေးထွေး၊ သိန်းသန်းဝင်း စသည့် ပြည်တွင်း ကစားသမားများကို အသုံးပြုကာ မြန်မာ့ လက်ရွေးစင် အသင်းကို ပြန်လည် ရင်ဆိုင်ခဲ့သည်။ မြန်မာ့ လက်ရွေးစင် အသင်းသည် ပွဲချိန် ပထမပိုင်းတွင် ကစားပုံ ကောင်းမွန်ခဲ့ခြင်း မရှိဘဲ ကမ္ဘောဇ အသင်း ကွင်းလယ်၏ မာမာထန်ထန် ကစားမှု အောက်တွင် အမှားများ နေခဲ့သည်။ ခံစစ်ကြောင်းမှာလည်း အရပ်အမောင်း မြင့်မားသည့် ကမ္ဘောဇ တိုက်စစ်မှူးများ၏ ထိုးဖောက်မှုများကို အထူးအာရုံစိုက်ကာ ကာကွယ် ခဲ့ရသည်။

ဒုတိယပိုင်း ပြန်စချိန်တွင်မူ ကမ္ဘောဇ အသင်းက အမှတ်မထင် ဂိုးရသွား ခဲ့သည်။ ခံစစ်ကြောင်း၏ ဖျက်ထုတ်ပုံ အမှားမှ ကမ္ဘောဇ တိုက်စစ်မှူး ဖိုလန် အပိုင်ကန်သွင်း ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်တွင် လက်ရွေးစင် အသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများ ရရှိရေးအတွက် ပိုမို အားစိုက် လာခဲ့သည်။ ထို့ကြောင့် လက်ကျန် မိနစ်များတွင် လက်ရွေးစင် အသင်းအနေဖြင့် ပုံစံကောင်း ပြန်လည် ရရှိခဲ့ပြီး ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူနိုင် ခဲ့သည်။ မြန်မာအသင်း အတွက် ချေပဂိုးကို ပွဲချိန် ၆၈ မိနစ်တွင် လူစားဝင် ကစားသမား နန္ဒလင်းကျော်ချစ်က သွင်းယူပေးခဲ့ပြီး ပွဲချိန် ၈၄ မိနစ်နှင့် ၈၉ မိနစ်များတွင် ဒေးဗစ်ထန်နှင့် ကြည်လင်း တို့က အနိုင်ဂိုးများကို ဆက်လက် သွင်းယူပေးခဲ့ သောကြောင့် ပွဲအပြီးတွင် အနိုင်ရရှိ ခဲ့ခြင်း ဖြစ်သည်။

ပွဲအပြီးတွင် မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ် အေဗရာမိုဗစ်ခ်ျက ပထမပိုင်းတွင် ကစားပုံ မကောင်းခဲ့ကြောင်း၊ ဒုတိယပိုင်းတွင်မူ အမှား များကို ပြင်ဆင် နိုင်ခဲ့ကြောင်း၊ ခက်ခဲသည့် ပြိုင်ဘက်ဖြစ်ပြီး အထူးသဖြင့် နိုင်ငံခြား ကစားသမားများကြောင့် မိမိတို့ အသင်းအတွက် အကျိုးရှိခဲ့ကြောင်း၊ အခွင့်အရေး များစွာ ဖန်တီး နိုင်ခဲ့ခြင်းမှာ အရေးပါကြောင်း သုံးသပ် ပြောကြား ခဲ့သည်။

ယနေ့ပွဲတွင် တောင်ပံလူ ဆောင်လမန် ပေါင်ကြွက်သား ဒဏ်ရာ ရရှိသွားခဲ့ပြီး ယခင်နေ့များက ဒဏ်ရာကိုယ်စီ ရှိနေကြသည့် ဒေးဗစ်ထန်နှင့် ဟိန်းဇာအောင်တို့မှာ ဒဏ်ရာ သက်သာလာပြီ ဖြစ်သောကြောင့် ပါဝင် ကစားခဲ့ကြသည်။ ဆောင်လမန်၏ ဒဏ်ရာကို စောင့်ကြည့်လျှက် ရှိပြီး မည်မျှ အနားယူရမည်ကို မဆုံးဖြတ် နိုင်သေးပေ။


May 28th, 2015

ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ရသော ပွဲများကို နှမြောမိကြောင်း တိုက်စစ်မှူး ကာလက်ဖိုလန်က ဖွင့်ဟပြောကြားသည်။

ယခုရာသီ အစတွင် ကမ္ဘောဇ အသင်းသို့ ရောက်ရှိခဲ့သော အသက် ၃၂နှစ်အရွယ်ရှိ အဆိုပါ အိုင်ယာလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်းသည် တံကောက်ကြော ဒဏ်ရာကြောင့် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် အများစုကို လွဲချော်ခဲ့သည်။

“MNL နားတဲ့အချိန်မှာ ကျွန်တော့်ဇာတိမြေ အင်္ဂလန်ကိုပြန်ပြီး ဒဏ်ရာကို သေချာကုသခဲ့ပါတယ်။ အခုတော့ တော်တော်ကောင်းနေပါပြီ။ ရာသီအစပိုင်းမှာ ပွဲတွေလွဲချော်ခဲ့လို့ နှမျောမိတယ်။ ရာသီလက်ကျန်ပွဲတွေမှာ ပွဲတိုင်းကစားပြီး ဂိုးတွေသွင်းချင်ပါတယ်”ဟု ဖိုလန်က ပြောသည်။

ဖိုလန်သည် ယခုရာသီ MNL တွင် ကမ္ဘောဇအသင်းအတွက် ၅ ပွဲကစား၍ ၃ ဂိုးသွင်းယူထားသည်။ အင်္ဂလန်နိုင်ငံ၊ လိဒ်စ်မြို့ဇာတိ ဖိုလန်သည် ဗြိတိန်နိုင်ငံသားဖြစ်သော်လည်း၊ အဘိုးနှင့်အဘွား အိုင်ယာလန်ဇာတိဖြစ်လျှင် အိုင်ယာလန်အသင်းအတွက်ကစားခွင့်ပေးသည့် အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်၏ မူဝါဒကြောင့်အိုင်ယာလန်လက်ရွေးစင်အသင်းအတွက် ၇ ပွဲကစားခဲ့သည်။


May 28th, 2015

ကမ္ဘောဇ အသင်းမှ မော်လ်ဒိုက် ကွင်းလယ် ကစားသမား ဘာကာအာရစ်သည် ကာတာအသင်း၊ ဟောင်ကောင် အသင်းတို့နှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင် ကစားမည့် မော်လ်ဒိုက် လက်ရွေးစင် အသင်းတွင် ပါဝင် ကစားရန် ခေါ်ယူခြင်း ခံရသည်။

(၁၁-၆-၁၅)ရက်နေ့တွင် ကာတာ အသင်းနှင့် လည်းကောင်း၊ (၁၆-၆-၁၅)ရက်နေ့တွင် ဟောင်ကောင်အသင်းနှင့် လည်းကောင်း ယှဉ်ပြိုင် ကစားမည့် မော်လ်ဒိုက် လက်ရွေးစင် အသင်းသည် (၁၅-၅-၁၅)ရက်နေ့မှစတင်၍ တောင်ကိုရီးယားနိုင်ငံ၌ စခန်းသွင်း လေ့ကျင့်မည်ဖြစ်ရာ ကမ္ဘောဇ အသင်း အနေဖြင့် ဘာကာအရစ်အား ယနေ့(၁၃-၅-၁၅)ရက်နေ့မှ စတင်၍ သက်ဆိုင်ရာနိုင်ငံ လက်ရွေးစင် အသင်းအတွက် စေလွှတ်ပေးလိုက်ပြီဖြစ် သည်။


May 15th, 2015

အောင်ဆန်းကွင်း၌ ယနေ့ညနေ ခြေစမ်း ကစားခဲ့သော ပွဲတွင် အဓိက ကစားသမား အများစုကို အနားပေး၍ လူငယ် ကစားသမားများကိုသာ ပွဲထုတ်ခဲ့သော ကမ္ဘောဇ အသင်းသည် ဇွဲကပင် ယူနိုက်တက် အသင်းအား (၅-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

သိန်းသန်းဝင်း၊ ရန်အောင်ဝင်း၊ ဘာကာ၊ မင်းမင်းထွန်း၊ နိုင်စိုးဝေ၊ စိုးပိုင်သွေးစသည့် ကစားသမား များကို အမာခံ ထားလျက် လူငယ် ကစားသမားများဖြင့် ပွဲခဲ့သော ကမ္ဘောဇ အသင်းကို ဇွဲကပင် အသင်းက နိုင်ငံခြားသားများ အပါအ၀င် လူစုံထုတ်၍ တုံ့ပြန်ခဲ့သည်။ ဇွဲကပင် အသင်းက ၉ မိနစ်၊ ၂၂ မိနစ်၊ ၅၃ မိနစ်၊ ၇၀ မိနစ်နှင့် ၈၁ မိနစ်များတွင် ဂိုးများ သွင်းယူခဲ့ပြီး၊ ကမ္ဘောဇ အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ကမ္ဘောဇယူ-၂၁ အသင်းမှ တိုက်စစ်မှူး ကောင်းမြတ်ကျော်က သွင်းယူခဲ့သည်။

ကမ္ဘောဇ အသင်းသည် ယခုခြေစမ်းပွဲတွင် ကမ္ဘောဇယူ-၂၁ အသင်းမှ ကစားသမား၇ ဦးအထိ ထည့်သွင်း ကစားစေခဲ့သည်။

ပွဲထွက် လူစာရင်း

ဂိုး – ဖြိုးမင်းမောင်။

နောက်တန်း – ရန်အောင်ဝင်း၊ အေးဆန်း၊ အောင်မျိုးသူဟိန်းဇော်၊ သိန်းသန်းဝင်း။

အလယ်တန်း – နိုင်စိုးဝေ၊ ဘာကာ၊ သီဟသူ၊ စိုးကျော်ဦး။


May 15th, 2015

ကမ္ဘောဇ အသင်း၏ နည်းစနစ် ဒါရိုက်တာ မစ္စတာ ဂျာဗတ်ဆာရစ်က အသင်းခေါင်းဆောင် နောက်ခံ ကစားသမားဟောင်း ဦးဟန်ဝင်းအောင်အား စီနီယာ အသင်း၏ ကြံ့ ခိုင်ရေး နည်းပြအဖြစ် တာဝန်ပေးအပ် လိုက်သည်။

၂၀၁၄ ဘောလုံးရာသီ အကုန်တွင် ဘောလုံးသမား ဘ၀မှ အနားယူ၍ ကမ္ဘောဇ လူငယ်အသင်း၏ သင်းအုပ်ချုပ်သူ အဖြစ် တာဝန်ယူခဲ့သော ဦးဟန်ဝင်းအောင်သည် AFC ‘C’ License နည်းပြသင်တန်းကို တက်ရောက် ထားသူဖြစ်ပြီး၊ လောလာဆယ်တွင် Fitness Coaching နှင့် ပတ်သက်သော ပညာရပ်များအား နည်းစနစ် ဒါရိုက်တာ မစ္စတာဆာရစ်ထံမှ အနီးကပ် သင်ယူလျက်ရှိသည်။

ဦးဟန်ဝင်းအောင်သည် ကမ္ဘောဇ အသင်းအတွက် ပြိုင်ပွဲ အရပ်ရပ် ပရော်ဖက်ရှင်နယ်ပွဲပေါင်း(၁၁၇)ကစားခဲ့ပြီး၊ (၅)ဂိုး သွင်းယူပေးခဲ့သည်။


May 15th, 2015

About KBZ Football Club

KBZ Football Club was founded in year 2005 and played as an amateur club in Myanmar League which was the highest football league in Myanmar. The first ever manager is U Myo Win Nyunt and coach is U Ye Nyunt. Since 2009, KBZ Football Club changed as a professional football club to play in Myanmar National League (Professional League) which was changed from Myanmar League.

Read More ...