Cheap Autodesk Infrastructure Map Server 2012 OEM
Generic Viagra
Levitra Or Viagra
Cheapest Windows 8
Download Microsoft Windows 8 Pro Upgrade OEM
Buy Autodesk Revit Architecture 2012
Discount Windows 7 Pro
ပွဲကျပ်များ ကြားတွင် ဒယ်တာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ရသည့် ကမ္ဘောဇ
Monday, 29 June 2009 03:58
မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ၅ ရဲ့ ရွှေ့ဆိုင်း ပွဲကျန်ပွဲ ဖြစ်တဲ့ ကမ္ဘောဇ နဲ့ ဒယ်လ်တာ ယူနိုက်တက် တို့ရဲ့ ပွဲကို ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရာ ဒယ်လ်တာ ယူနိုက်တက် အသင်းက ကမ္ဘောဇ အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်သည် ဗိုလ်လုပွဲ အတွက် အရေးပါသော ပွဲစဉ်တစ်ခု မဟုတ်သောကြောင့် ပရိသတ် အင်အား သိပ်မများ ခဲ့သည်ကို တွေ့ရသည်။ သက်ဆိုင်ရာ အသင်း အားပေးသူ ရာဂဏန်း မျှသာ လာရောက်ကြည့်ရှု အားပေးခဲ့ကြ သော်လည်း ထုံးစံ အတိုင်း တူရိယာ ပစ္စည်းများကို ကျယ်လောင်စွာ တီးမှုတ်ရင်း အားပေး ခဲ့ကြသည်ကို တွေ့ရသည်။ ယနေ့ပွဲ၌ ကမ္ဘောဇ အသင်းသည် ဇေယျာရွှေမြေ နှင့်ပွဲတွင် ကစားခဲ့သည့် အတိုင်း ၀င်းမင်းထွဋ်ကို တိုက်စစ်တွင် တင်ကာ စိုးမင်းဦးနှင့် တွဲကစား စေခဲ့သည်။ ဒယ်လ်တာ အသင်းမှာ ရိုဒရီဂိုကို ပထမ ကစားသမား စာရင်းတွင် ပြန်လည် ထည့်သွင်း ထားကာ စိုးသီဟအောင်၊ ကျော်ခိုင်ဝင်း၊ လှအေးထွေး တို့ဖြင့် ပွဲထွက်ခဲ့သည်။ ဒယ်လ်တာ နည်းပြ ဦးဆန်းဝင်းသည် အရန် ဂိုးသမား ဖြစ်သူ နေလှိုင်ကို ယနေ့ပွဲ၌ စတင် ပွဲထုတ် ခဲ့သည်ကိုလည်း တွေ့ရသည်။

ပွဲအစပိုင်းတွင် ကမ္ဘောဇ အသင်းသည် ပွဲပန်း နေမှုကြောင့် ကစားပုံ နှေးကွေးလေးလံ နေသော်လည်း ဒယ်လ်တာ အသင်းက လျင်လျင်မြန်မြန် ထိုးဖောက် တိုက်စစ်ဆင်ခြင်း မပြုနိုင်သဖြင့် ပွဲမှာ အထနှေးနေပြီး ပျင်းရိငြီးငွေ့ဖွယ် ဖြစ်ခဲ့ရသည်။ ၉ မိနစ်တွင် ကမ္ဘောဇ အသင်း၏ ညာတောင်ပံမှ ဖြတ်တင်ပေးသည့် ဘောလုံးကို ၀င်းမင်းထွဋ် ခေါင်းတိုက်ခဲ့ေ သ်ာလည်း အပေါ် ထောင်ခဲ့သည်။ ၁၈ မိနစ်တွင် ခင်မောင်လွင်က ဒယ်လ်တာ ဂိုးဧရိယာ ထိပ်မှ အပြင်း ကန်သွင်း ခဲ့ခြင်းမှာ လူထိသွားခဲ့ပြီး ၂၆ မိနစ်တွင် ဒယ်လ်တာမှ တင်ဇော်မိုး မ, ပေးသည်ကို မင်းမင်းသူ ခေါင်းတိုက် ခဲ့ခြင်းကိုလည်း ကမ္ဘောဇ ဂိုးသမား ကျော်ဇင်ထက် ပုတ်ထုတ် ကာကွယ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် နှစ်ဘက် စလုံးမှ ဂိုးသွင်းခွင့် မယ်မယ်ရရ သိပ်မရဘဲ ကွင်းလယ်တွင်သာ အပျက်များနေ သဖြင့် ပထမပိုင်း ပြီးသည့်အထိ နှစ်သင်းစလုံး ဂိုးမရခဲ့သည်ကို တွေ့ရသည်။ ပထမပိုင်းတွင် ကမ္ဘောဇမှ စိုးမင်းဦး၊ ၀င်းမင်းထွဋ်၊ ခင်မောင်လွင်နှင့် ဒယ်လ်တာ ဘက်မှ ရိုဒရီဂို၊ လှအေးထွေး၊ မင်းမင်းထွန်းတို့ အခွင့်အရေး အချို့ကို အသုံးမချ နိုင်ခဲ့ခြင်း ကြောင့်လည်း ယခုကဲ့သို့ ဂိုးမရ ခဲ့ကြခြင်း ဖြစ်သည်။

ဒုတိယပိုင်းတွင် နှစ်ဘက်စလုံးမှ တင်ကစားလာ ကြသဖြင့် ပွဲမှာ အကြိတ်အနယ် ဖြစ်လာခဲ့သည်။ ၄၈ မိနစ်တွင် ကမ္ဘောဇ တိုက်စစ်မှူး စိုးမင်းဦးက လေထဲတွင် မြောက်နေသည့် ဖြတ်တင်ဘောကို ဒယ်လ်တာ နောက်ခံလူများ ကြားထဲမှ အတင်းဝင်၍ ဂိုးသမား၏ ညာဘက် ထောင့်ထဲသို့ ဖိတိုက်ခဲ့သဖြင့် ကမ္ဘောဇတို့ ပထမဂိုး စတင် ရရှိခဲ့သည်။ ထို့နောက် ကမ္ဘောဇ အသင်းသည် ၀င်းမင်းထွဋ် အစား စထက်နိုင်ဝင်းကို လူစား ထည့်သွင်းခဲ့သည်။ ဂိုးပေး လိုက်ရသည့် ဒယ်လ်တာသည် ချေပဂိုး ပြန်လည်ရရှိရန် အတင်းဝင် အတင်းထွက်ကာ တရစပ် ဖိကစား လာကြသဖြင့် ၅၀ မိနစ်တွင် ဒယ်လ်တာမှ မျိုးဝင်းထွဋ် အ၀ါကဒ် ထိခဲ့သည်။ ၅၁ မိနစ်တွင် ခင်မောင်လွင်၏ ပြစ်ဒဏ် ဘောကန်ချက်မှာ ဘားတန်း ကပ်ကျော်ခဲ့သည်။

၅၂ မိနစ်တွင် ဒယ်လ်တာ အသင်း၏ ဘယ်တောင်ပံမှ ဖြတ်တင် ပေးလိုက်သည့် ဘောလုံးကို တင်ဇော်မိုးက ခေါင်းတိုက်ပြီး ဒယ်လ်တာ အတွက် ချေပဂိုး ရယူခဲ့သည်။ ချေပဂိုးရပြီး ၄ မိနစ်ခန့်အကြာ ၅၆ မိနစ်တွင် ဒယ်လ်တာ အသင်း ဘယ်တောင်ပံမှ မင်းမင်းသု ထိုးပေးလိုက်သည့် ဘောလုံးကို ကွင်းလယ်လူ ထွန်းလင်းအောင်က အဆင်သင့် ၀င်ပိတ်ကာ ဒယ်လ်တာ အတွက် အနိုင်ဂိုး ရယူသွားခဲ့သည်။ ကမ္ဘောဇ အသင်းသည် ချေပဂိုးရော အနိုင်ဂိုးပါ ဆက်တိုက် ပေးလိုက်ရသဖြင့် တိုက်စစ်ကို မြှင့်ခဲ့သော်လည်း ဒယ်လ်တာ နောက်တန်းနှင့် ဂိုးသမား ကောင်းလွန်းနေ၍ မည်သို့မျှ အခွင့်အရေး မရဘဲ ရှိခဲ့သည်။ ဒယ်လ်တာ ဘက်ကလည်း ခံစစ် ကစားသမား များကို အားဖြည့်ကာ အနိုင်ရလဒ်ကို ထိန်းသိန်းရန် ကြိုးပမ်းခဲ့သည်။

ပွဲချိန် မိနစ် ၇၀ ခန့်တွင် မိုးများ သည်းထန်စွာ ရွာသွန်းလာ သဖြင့် ကစားသမား များသည် မိုးရေထဲတွင် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ခဲ့သည်။ ဒယ်လ်တာ နောက်ခံလူ မျိုးဝင်းထွဋ်သည် ကမ္ဘောဇ၏ တိုက်စစ်ကို ကာကွယ်ရင်း မိုးရေကြောင့် အရှိန် မထိန်းနိုင်ဘဲ ထိခိုက်မိခဲ့ရာ မကစား နိုင်တော့ဘဲ ကွင်းပြင်သို့ ဆေးအဖွဲ့များ သယ်ထုတ် ခဲ့ရသည်။ ယင်းအခြေ အနေတွင် ဒယ်လ်တာ အသင်းသည် ကစားသမား သုံးဦးစလုံး လူစားလဲလိုက်ပြီ ဖြစ်ရာ နောက်ထပ် လူစားလဲခွင့် မရှိတော့သဖြင့် ၁၀ ယောက်တည်းဖြင့် ရင်ဆိုင် ခဲ့ရသည်။ ပွဲချိန် ၈၃ မိနစ်တွင်မူ လွန်စွာ သည်းထန်လာသော မိုးနှင့် ကွင်းထဲ ၀ပ်နေသော ရေများကြောင့် ကမ္ဘောဇ အသင်းက ပွဲကို ဆက်ကစားရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ပွဲကြီးကြပ် သူများက ပွဲကို မိနစ် ၃၀ အနားပေးကာ ကွင်းအခြေအနေကို စောင့်ကြည့်ခဲ့သည်။

သတ်မှတ်ထားသည့် မိနစ် ၃၀ ပြည့်ချိန်တွင် မိုးရွာသွန်းမှု အတော်အတန် လျော့ပါးသွားပြီး ကွင်းထဲမှ ရေများကိုလည်း ဖောက်ထုတ်ပစ် နိုင်ခဲ့သောကြောင့် ပွဲကို ဆက်ကစားခဲ့သည်။ ဒယ်လ်တာ အသင်းသည် ကမ္ဘောဇ အသင်းအား ဂိုးပြန်မပေး ရစေရန် ၁၀ ယောက်တည်းဖြင့် ကြံ့ကြံ့ခံ ကစားခဲ့သည်။ ဂိုးလိုချင်နေသော ကမ္ဘောဇ အသင်းကလည်း တရကြမ်း ဖိကစား သဖြင့် ပွဲမှာ ကြမ်းခဲ့ပြီး ကစားသမား အများအပြား အ၀ါကဒ် ထိခဲ့ကြသည်။ သို့သော် ကမ္ဘောဇ အသင်းသည် ကျန်ရှိနေသော အချိန်အတွင်း ဒယ်လ်တာ ဘက်သို့ ဂိုးမသွင်းနိုင်သဖြင့် (၂-၁)ဂိုးဖြင့် အရှုံးပေး ခဲ့ရသည်။

အဆိုပါ ပွဲစဉ်တွင် အကောင်းဆုံး ကစားသမား ဆုကို ယနေ့ပွဲတွင်မှ စတင် ကစားသည့် ဒယ်လ်တာ ဂိုးသမား နေလှိုင်က ရရှိခဲ့သည်။ ဒယ်လ်တာ အသင်းသည် ယခုပွဲ အနိုင်ရရှိခဲ့ သော်လည်း အမှတ်ပေး ဇယားတွင် အပြောင်းအလဲ မဖြစ်ခဲ့ဘဲ အဆင့်(၈) နေရာ၌သာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်သည်။

ပါဝင် ကစားခဲ့ကြသူများ
ကမ္ဘောဇ - ကျော်ဇင်ထက်(ဂိုး)၊ ဟန်ဝင်းအောင်၊ အေးဆန်း၊ အောင်ကျော်ဦး၊ ဥာဏလွင်၊ ၀င်းမင်းထွဋ် (စထက်နိုင်ဝင်း)၊ ခင်မောင်လွင်၊ နေဇော်ထက်၊ အောင်သန်းဝင်း (မင်းမင်းထွန်း)၊ စိုးမင်းဦး၊ မိုးဝင်း

ဒယ်လ်တာ - နေလှိုင် (ဂိုး)၊ ဇော်ဇော်ဦး၊ မျိုးဝင်းထွဋ်၊ ခိုင်မင်း (ထွန်းလင်းအောင်)၊ စိုးသီဟအောင်၊ မင်းမင်းထွန်း(ဇော်မျိုးမင်း)၊ တင်ဇော်မိုး၊ လှအေးထွေး၊ မင်းမင်းသူ၊ ကျော်ခိုင်ဝင်း၊ ရိုဒရီဂို (မြင့်နိုင်)

ဂိုးသွင်းကြသူများ
ကမ္ဘောဇ - စိုးမင်းဦး (၄၈ မိနစ်)
ဒယ်လ်တာ - တင်ဇော်မိုး (၅၂ မိနစ်)၊ ထွန်းလင်းအောင် (၅၆ မိနစ်)

အနီကဒ် အ၀ါကဒ်ထိကြသူများ
ကမ္ဘောဇ - မျိုးဝင်းထွဋ် (၀ါ)၊ အေးဆန်း (၀ါ)
ဒယ်လ်တာ - ကျော်ခိုင်ဝင်း (၀ါ)၊ စိုးသီဟအောင် (၀ါ)

ပွဲကြီးကြပ်သူများ
ကွင်းလယ်ဒိုင် - ဦးတင်ထွဋ်
အကူဒိုင်(၁) - ဦးစံဌေး
အကူဒိုင်(၂) - ဦးအောင်ကျော်သူ
စတုတ္တဒိုင် - ဦးလှတင့်
ပွဲကြီးကြပ်သူ - ဦးဘရီ
ဒိုင်ကြီးကြပ်သူ - ဦးတင်အောင်ကြီး
အထွေထွေတာဝန်ခံ - ဦးခင်မောင်သန်း

Ref: Soccer Myanmar