Cheap Framemaker Server OEM
Levitra From Canadian Pharmacy
Cheap Office Mac
Buy Audition CS6 Cheap
Word 2007 Oem
Buy Adobe InDesign CS5.5
Office 2010 Professional Price
Buy Illustrator Cs6
Office 2010 Pro Plus Price
Cheap Corel Draw Graphics Suite
Download RosettaStone Swedish OEM
Buy Cheap Software Legit
Discount AutoCAD Map 3D 2012
နေရှင်နယ် လိဂ်ရဲ့ အမြန်ဆုံးဂိုးနှင့် ဂိုးတွေ အပြန်အလှန် သွင်းခဲ့သည့် ပွဲစဉ်
Tuesday, 30 June 2009 04:05
မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်(၇)၏ တတိယမြောက် ပွဲစဉ်ဖြစ်သော ဆောက်သမ်း မြန်မာနှင့် ဇေယျာရွှေမြေ တို့၏ ပွဲစဉ်ကို ဇွန်လ ၃၀ ရက်နေ့က သုဝဏ္ဏ အားကစား ကွင်းတွင် ကစားခဲ့ရာ ဇေယျာရွှေမြေ အသင်းက (၄-၂)ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲသည် နှစ်သင်း စလုံး၏ နောက်ဆုံးပွဲစဉ် ဖြစ်သောကြောင့် ပရိသတ် အတော်အသင့် လာရောက် အားပေး ခဲ့ကြသည်ကို တွေ့ရသည်။ အထူးသဖြင့် ဆောက်သမ်း ပရိသတ်များ ပိုမို များပြားခဲ့ပြီး ဇေယျာရွှေမြေ ပရိသတ်၏ နှစ်ဆကျော်ခန့် ရှိခဲ့သည်ကိုတွေ့ရသည်။ ပရိသတ် အတော် များများသည် တုပ်ကွေး ရောဂါ ကာကွယ်သည့် အနေဖြင့် မျက်နှာဖုံး (Mask) များ တပ်ကာ လာရောက် အားပေး ခဲ့ကြသည်ကိုလည်း တွေ့ရသည်။

အဆိုပါ ပွဲစဉ်၌ ဆောက်သမ်းမြန်မာ အသင်းသည် ဘီဂျိမ်းထွေး တစ်ဦးတည်းကို တိုက်စစ်တွင် တင်ကာ (၄-၅-၁) ပုံစံဖြင့် ကစားခဲ့ပြီး ဇော်ခါးကို အသင်းခေါင်းဆောင် ရာထူး ပြန်လည် ပေးအပ်ခဲ့သည်ကို တွေ့ရသည်။ ဇေယျာ ရွှေမြေမှာမူ ယခင်ပွဲက လူစားဝင် ခြေစွမ်း ပြခဲ့သည့် တိုက်စစ်မှူး ရဲဝေယံစိုးကို စည်သူသန်း နှင့်တွဲကာ တိုက်စစ်တွင် တင်ကစားခဲ့သည်။ ဒဏ်ရာမှ ပြန်လာသည့် အောင်မျိုးသန့်လည်း ပွဲထွက် လူစာရင်းတွင် ပါဝင်ခဲ့သည်ကို တွေ့ရသည်။ ဂိုးသမား ဇော်မိုးထက်မှာ ဒဏ်ရာကြောင့် အရန်ခုံတွင်ပင် မပါနိုင်ဘဲ ညီညီလွင် ၀င်ဖမ်းခဲ့ပြီး အရန် ဂိုးသမား အဖြစ် တင်ယုကို ထည့်သွင်း ထားခဲ့သည်။

ပွဲစစချင်း ၃၅ စက္ကန့် တွင်ပင် ဇေယျာရွှေမြေမှ ရာဇာဝင်းသိန်းသည် ဘီးကုပ်စပ်မှ ရုတ်တရက် လှမ်းကန်လိုက် သဖြင့် ဂိုးသမား ပြည့်ဖြိုးအောင် မည်သို့မျှ မတတ်နိုင်ခဲ့ဘဲ ဇေယျာရွှေမြေတို့ ပထမဂိုး စတင်ရရှိ သွားခဲ့သည်။ ယင်းဂိုးသည် မြန်မာ နေရှင်နယ် လိဂ်တွင် အမြန်ဆုံး စံချိန် တင်ခဲ့သည့် ဂိုးလည်း ဖြစ်သည်။ ဂိုးပေးလိုက်ရ သဖြင့် ဆောက်သမ်းတို့ ချေပဂိုးရရန် တိုက်စစ်ဆင် ကစားလာခဲ့ပြီး ၃ မိနစ်နှင့် ၁၀ မိနစ်တို့တွင် ဘီဂျိမ်းထွေးနှင့် ကိုကိုမောင်တို့ အခွင့်အရေး တစ်ကြိမ်စီ ရခဲ့သော်လည်း အသုံးမချ နိုင်ခဲ့ပေ။ ၁၇မိနစ်တွင်မူ ဘီဂျိမ်းထွေးမှာ လူကျွံ အနေအထားမှ လွတ်ထွက် သွားခဲ့သဖြင့် တကိုယ်တော် ဆွဲပြေးပြီး ဂိုးသမားနှင့် တစ်ယောက်ချင်း အတွေ့တွင် အသာအယာ ကန်သွင်းခဲ့ သဖြင့် ချေပဂိုး ရရှိခဲ့သည်။

ထို့နောက်တွင် တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် ထိုးဖောက်ခဲ့ရာ ၂၅ မိနစ် စည်သူသန်း အဝေးမှ လှမ်းကန်သည်ကို ဂိုးသမား အမိဖမ်းခဲ့ပြီး ၃၄ မိနစ်တွင် ဘီဂျိမ်းထွေး ဧရိယာစပ်မှ လှမ်းကန် သည်မှာလည်း တိုင်ထိ ထွက်ခဲ့သည်။ ၃၈ မိနစ်တွင် ဇေယျာရွှေမြေတို့ ရရှိသည့် ထောင့်ကန်ဘောကို ရာဇာဝင်းသိန်း ကန်တင်ပေးရာ ရဲဝေယံစိုးက ခေါင်းတိုက်ပြီး ဇေယျာရွှေမြေ အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့သည်။ ၄၂မိနစ် တွင်လည်း တန်ပြန် တိုက်စစ်မှ တဆင့် ရာဇာဝင်းသိန်း တကိုယ်တော် လွတ်ထွက်သွားရာ ဧရိယာထဲ အထိ ဆွဲဝင်ပြီး အတွင်းသို့ ချိုးချပေး သဖြင့် စည်သူသန်းက ၀င်ပိတ်ပြီး တတိယဂိုး ရယူ ခဲ့ပြန်သည်။ ၄၄ မိနစ်တွင် ဇေယျာရွှေမြေမှ ကျော်ကိုကို ဧရိယာ ကန်ချက် တိုင်ဘေးမှ ကပ်ထွက်ပြီးနောက် နှစ်ဘက်စလုံးမှ အခွင့်အရေး ထပ်မရတော့ဘဲ (၃-၁)ဂိုးဖြင့် ပထမပိုင်း ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် ဇေယျာရွှေမြေ ဘက်မှ စည်သူသန်း အစား ထူးကျော် လူစား ၀င်ခဲ့သည်။ ဇေယျာရွှေမြေသည် ဒုတိယပိုင်းတွင် ဘောပိုင်ဆိုင်မှု အသာဖြင့် ပွဲကို ထိန်းကစားခဲ့ပြီး ဆောက်သမ်းမှာမူ ဂိုးရရှိရန် တရစပ် ဖိကစား ခဲ့သည်ကို တွေ့ရသည်။ ၅၁မိနစ်တွင် ရဲဝေယံစိုး ခေါင်းတိုက်ချက် ဂိုးဘားတန်း ထိခဲ့ပြီး ၅၈ မိနစ်တွင် ဆောက်သမ်းမှ စိုးကျော်သူ ကန်ချက် ဂိုးသမား ပုတ်ထုတ်ခြင်း ခံခဲ့ရသည်။ ၆၅ နှင့် ၆၆ မိနစ်တို့တွင် ဇေယျာရွှေမြေမှ ကျော်ကိုကိုနှင့် ဇော်လင်းထက်တို့ အခွင့်အရေး ကိုယ်စီ ရခဲ့သော်လည်း အသုံးမချ နိုင်ခဲ့ကြပေ။ ၇၇ မိနစ်တွင် ဆောက်သမ်း အသင်း ထောင့်ကန်ဘော ရသည်ကို အဆင့်ဆင့် ကန်သွင်းကြ သော်လည်း ဇေယျာရွှေမြေ နောက်တန်းနှင့် ဂိုးသမားများ ကာကွယ် နိုင်ခဲ့သည်။ ၈၁ မိနစ်တွင် ဆောက်သမ်းမှ မျိုးလှိုင်ဦး၏ ကန်ချက်ကို ဇေယျာရွှေမြေ ဂိုးသမား ပုတ်ထုတ်ကာကွယ် ခဲ့သည်။ ၈၃ မိနစ်တွင် ဆောက်သမ်းမှ အောင်ရဲထွဋ် ကန်တင် ပေးသည်ကို ဘီဂျိမ်းထွေး နှစ်ဆင့် ကန်ခဲ့သော်လည်း ဂိုးသမားက နှစ်ဆင့်လုံးကို ကာကွယ်ခဲ့သည်။

၈၅ မိနစ်တွင်မူ ဇေယျာရွှေမြေ တိုက်စစ်မှူး ရဲဝေယံစိုးက ကွင်းလယ် လူများနှင့် အပေးအယူ လုပ်ရင်း တစ်ကိုယ်တော် လွတ်ထွက်လာရာ ဆောက်သမ်း နောက်တန်းနှင့် ဂိုးသမား ကိုပါ လိမ်ခေါက်ပြီး ကန်သွင်းခဲ့သည်။ သို့သော် ယင်းဘောလုံးမှာ ဘားတန်းကိုထိပြီး ပြန်ထွက်လာ သဖြင့် ရဲဝေယံစိုးမှာ ဆောက်သမ်း နောက်တန်း ကစားသမားများ ခြေထောက်ထဲမှ ပြန်လုကာ နောက်တစ်ကြိမ် ထပ်ကန်သွင်း ပြန်ပါမှ ဂိုးဝင်သွားခဲ့သည်။ စတုတ္တ ဂိုးပေးလိုက်ရ သဖြင့် ဆောက်သမ်း တစ်သင်းလုံး တိုက်စစ်ကို တက်ဖိရာ ၈၇ မိနစ်တွင် မျိုးလှိုင်ဦး အပိုင် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဇေယျာရွှေမြေ ဂိုးသမား ကာကွယ် ခဲ့ရသည်။ ၈၉ မိနစ်တွင်မူ ဆောက်သမ်းမှ အောင်ရဲထွဋ် ဘယ်တောင်ပံမှ ဖြတ်တင် ပေးလိုက်သည်ကို မျိုးလှိုင်ဦးက ခေါင်းတိုက်ပြီး ဒုတိယ နှစ်သိမ့်ဂိုးကို ရယူနိုင်ခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် အကောင်းဆုံး ဘောလုံးသမား ဆုကို တစ်ဂိုးသွင်းပြီး နှစ်ဂိုး ဖန်တီးပေးခဲ့သူ ရာဇာဝင်းသိန်းက ရရှိသွားခဲ့သည်။ ယင်းပွဲတွင် အ၀ါကဒ် အနီကဒ် တစ်ကဒ်မှ မထိခဲ့ဘဲ ပြစ်ဒဏ် အနည်းဆုံးပွဲ အဖြစ် စံချိန်တင် ခဲ့ရုံမက နှစ်ဘက် အပြန်အလှန် သွင်းဂိုးမှာလည်း (၆)ဂိုး အထိ ရှိခဲ့သဖြင့် ဂိုးအများဆုံး စံချိန်ပါ တင်နိုင်ခဲ့သည်။

ပါဝင် ကစားကြသူများ
ဆောက်သမ်း - ပြည့်ဖြိုးအောင် (ဂိုး)၊ ဟန်ထွန်း၊ ဗညားဦး၊ စံမျိုးဦး၊ ဘီဂျိမ်းထွေး၊ အောင်ရဲထွဋ်၊ နိုင်လင်းဦး၊ ရန်မျိုးအောင်၊ ဇေယျာလင်း (စိုးကျော်သူ)၊ ကိုကိုမောင် (မျိုးလှိုင်ဦး)၊ ဇော်ခါး
ဇေယျာရွှေမြေ - ညီညီလွင်(ဂိုး)၊ မင်းသူ၊ ဇော်လင်းထွန်း(၁)၊ အောင်မျိုးသန့်၊ စည်သူသန်း (ထူးကျော်)၊ ရာဇာဝင်းသိန်း၊ ဇော်ဇော်အောင်၊ အောင်ကိုကိုဝင်း (ဇော်လင်းထက်)၊ ရဲဝေယံစိုး၊ ကျော်ကိုကို (မင်းကိုကို)၊ မျိုးဇော်ထွန်း

ဂိုးသွင်းကြသူများ
ဆောက်သမ်း - ဘီဂျိမ်းထွေး (၁၇ မိနစ်)၊ မျိုးလှိုင်ဦး (၈၉ မိနစ်)
ဇေယျာရွှေမြေ - ရာဇာဝင်းသိန်း (၁ မိနစ်)၊ စည်သူသန်း (၄၂ မိနစ်)၊ ရဲဝေယံစိုး (၃၈ မိနစ်၊ ၈၅ မိနစ်)

အ၀ါကဒ် အနီကဒ် ထိကြသူများ
ဆောက်သမ်း - မရှိ
ဇေယျာရွှေမြေ - မရှိ

ပွဲကြီးကြပ်သူများ
ကွင်းလယ်ဒိုင် - ဦးစိုးမိုးကျော်
အကူဒိုင်(၁) - ဦးခင်မောင်မြင့်
အကူဒိုင် (၂) - ဦးအောင်သူ
စတုတ္တဒိုင်- ဦးသန်းဦး
ပွဲကြီးကြပ်သူ - ဦးကျော်ကျော်
ဒိုင်ကြီးကြပ်သူ - ဦးသန်းဝင်း
အထွေထွေတာဝန်ခံ - ဦးညီညီလတ်