Cheap Fontographer 5 for Mac OEM
Viagra 25mg
5 Mg Cialis
Buy Os X 10.5
Download Outlook 2013 OEM
Buy CS5.5 Master Collection
Buy Used Adobe Software
ကမ္ဘောဇ ကစားသမားများ မိဘမဲ့ ဂေဟာ တစ်ခုတွင် အလှူဒါန ပြုလုပ်မည်ဟု သိရ
Thursday, 02 July 2009 21:47
မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်း တစ်သင်းဖြစ်သည့် ကမ္ဘောဇ အသင်းမှ ကစားသမား အချို့ မှ ဦးဆောင်၍ မိဘမဲ့ ဂေဟာ တစ်ခုတွင် ကလေးငယ်များ အတွက် အလှူဒါန ပြုလုပ်ကြမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ လှူဒါန်းကြမည့် အစီအစဉ်အား ကမ္ဘောဇ ကစားသမား နှစ်ဦးဖြစ်သူ အေးဆန်းနှင့် အောင်သန်းဝင်းတို့က ဦးစီး ဦးဆောင်ပြု၍ ပြုလုပ်ကြမည် ဖြစ်ကြောင်း သိရပြီး အခြား ကမ္ဘောဇ အသင်းမှ ကစားသမား များကလည်း စုပေါင်း ထည့်ဝင်ကြကာ မိဘမဲ့ ကလေးများ အတွက် သွားရောက် လှူဒါန်းကြမည် ဖြစ်သည်။

ဇူလိုင်လ ၅ရက်နေ့ တနင်္ဂနွေနေ့ နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသမီး စောင့်ရှောက်ရေး အသင်း မိဘမဲ့ ဂေဟာတွင် ပြုလုပ်မည့် ၎င်း အလှူဒါန ပြုလုပ်ပွဲတွင် မိဘမဲ့ ကလေးငယ် များအတွက် နေ့လည်စာ အပြင် စာရေး ကိရိယာများ၊ မုန့်ဖိုးများ သွားရောက် လှူဒါန်းကြမည် ဖြစ်ကြောင်းလည်း ကမ္ဘောဇ အသင်း တာဝန်ရှိသူ တစ်ဦးက kbzfc.com သို့ ပြောကြားခဲ့သည်။

ကမ္ဘောဇ အသင်း မီဒီယာ အရာရှိ ဦးသီဟထွန်းက kbzfc.com သို့ ပြောကြားရာတွင် "ကျွန်တော်တို့ အသင်းက ကစားသမား လေးတွေဟာ ခေတ္တ အနားရရှိ နေတဲ့ အချိန်မှာ သူတို့တတွေ ရရှိထားကြတဲ့ လစာလေးတွေနဲ့ အခုလို အလှူဒါန ပြုလုပ်ကြမှာ ဖြစ်တာကြောင့် တကယ့်ကို ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ သူတို့ အခုလို မိဘမဲ့ ကလေးတွေ အတွက် တစ်ခုခု လုပ်ပေးသလို အခြား ဘောလုံး သမားတွေ အနေနဲ့ လိုက်လုပ်ကြမယ် ဆိုရင်တော့ ပိုပြီး ၀မ်းမြောက်ဖွယ် ကောင်းမှာပါ။" ဟု ဆိုခဲ့သည်။

AFC President's Cup ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့ရသည့် ကမ္ဘောဇ အသင်း အနေဖြင့် မြန်မာ ဘောလုံး ကလပ်အသင်း များထဲတွင် ပွဲပန်းလူပန်း အဖြစ်ခဲ့ရဆုံး အသင်းဖြစ်ပြီး လက်ရှိ အချိန်တွင် အသင်း အဖွဲ့ဝင်များ အားလုံးအား ခေတ္တ အနား ပေးထားကြောင်း သိရှိရသည်။