Cheap Microsoft OneNote 2013 OEM
Buy Levitra Now
Windows 7 Pro Discount
Buy Ecotect Analysis Cheap
Office 2010 Pro Oem
Buy Adobe Dreamweaver CS5.5 for Mac
Best Price Windows 7
Photoshop Cs6 Mac Price
Word 2007 Oem
Cheap RosettaStone Irish
Download Acrobat X Pro for Mac OEM
Buy Media Composer 6
Discount Autodesk Maya 2013
"ကမ္ဘောဇ အသင်းက ကျွန်တော့် ရင်ထဲမှာ အမြဲရှိနေမှာပါ”
Written by Administrator   
Tuesday, 23 November 2010 15:30

သူ့ပုံစံက အမြဲ အေးဆေး တည်ငြိမ်သည်။ တစ်ဖက်သားကို လေးစားသည်။ ဦးစား ပေးသည်။ အားနာ တတ်သည်။ စားစရာ ရှိလျှင် သူတစ်ပါးကို အရင် ထည့်ပေးသည်။သူတစ်ပါးကို နေရာ အရင် ပေးတတ်သူဖြစ်သည်။  စကားပြောလျှင်လည်း အေးအေး ဆေးဆေးတည်တည် ငြိမ်ငြိမ်။ ဘောလုံးသမား တစ်ယောက် နှင့်ပင် မတူ။

တရားစင်မြင့်ပေါ်က ခရစ္စယာန် ဘုန်းတော်ကြီးနှင့် ပိုတူသည်။ သူ့ကို ဘ၀တူ ဘောလုံး လောကသားများက “ကိုဖိုးခွားကြီး” ဟု ချစ်စနိုး ခေါ်ကြသည်။ ရှမ်းပြည် ပရိသတ်များက“ကိုစိုးမြတ်မင်း”တဲ့။ နိုင်ငံခြား မီဒီယာများကတော့ “Myat Min”ဟု သုံးနှုန်း တတ်ကြသည်။ သူက လူ တစ်ဖတ်သားအပေါ် ကြင်နာတတ်သည်။ ကစားဖော်များက သူ့ကို လေးစားကြသည်။ ပရိသတ်များက သူ့ကို ချစ်သည်။ မြန်မာ ပရိုလိဂ် အရှိန် ကောင်းချိန်တွင် သူ အနားယူတော့မည် ဆို၍ ကမ္ဘောဇ အသင်း၏ ပြန်ကြားရေး အရာရှိ တစ်ယောက် အနေဖြင့် သူနှင့် စကားပြောခဲ့သည်များကို ပြန်လည် တင်ပြအပ်ပါသည်။

မေး- ၂၀၁၀ ဘောလုံးရာသီ အကုန်မှာ ဖိုးခွားကြီး ဌာန ပြန်မယ်လို့ သတင်း မီဒီယာတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ အဲဒီ သတင်းနဲ့ ပတ်သက်လို့ အတည်ပြု ပြောကြားပေးပါလား။

ဖြေ- ဟုတ်ပါတယ်။ ကျွန်တော်ဟာ ကမ္ဘောဇ အသင်းနဲ့ (၂)နှစ် သက်တမ်း ရှိတဲ့ ကန်ထရိုက် စာချုပ် ချုပ်ဆို ထားပါတယ်။ လာမယ့် ဇန်န၀ါရီမှာ စာချုပ် သက်တမ်း ကုန်မှာဖြစ်ပြီး၊ အဲဒီ စာချုပ် သက်တမ်း ကုန်ရင် ကျွန်တော့် မိခင်ဌာန ဖြစ်တဲ့ ဘဏ္ဍာ/အခွန် ၀န်ကြီးဌာနကို ပြန်မှာပါ။


မေး- ကမ္ဘောဇ ကစားသမား ဘ၀ (၂)နှစ်တာ ကာလအတွင်း ပျော်ရွှင်စရာ အချိန်ကာလတွေ ကြုံတွေ့ ခဲ့ရပါသလား။

ဖြေ- ကမ္ဘောဇ အသင်းရဲ့ ကစားသမား ဘ၀မှာ ပျော်စရာ အချိန်ကာလတွေ အများကြီး ရှိခဲ့ပါတယ်။ အသင်းနဲ့ ကစားခဲ့တဲ့ ပွဲတွေ၊ အသင်းနဲ့အတူ သွားခဲ့တဲ့ ခရီးတွေ၊ အဖြစ်အပျက် တော်တော်များများဟာ ကျွန်တော့် ဘ၀အတွက် မမေ့နိုင်စရာ အစိတ်အပိုင်းတွေပါပဲ။ ဒါပေမဲ့ အသင်းအတွက် ဆုဖလားတွေ ယူမပေးနိုင်တာတော့ စိတ်မကောင်း ဖြစ်မိပါတယ်။


မေး- ကမ္ဘောဇ ကစားသမား ဘ၀မှာ ဘဏ္ဍာ/အခွန်တုန်းက ခြေစွမ်းမျိုး ပြန်ရဖို့ ရုန်းကန်ခဲ့ရတာ ဒဏ်ရာ ပြဿနာ တွေကြောင့်လို့ ယူဆမယ်ဆိုရင် ရာနှုန်းပြည့် မှန်ကန်နိုင်ပါ့မလား။

ဖြေ- ကမ္ဘောဇ ကစားသမားဘ၀မှာ ဒဏ်ရာတွေက ကျွန်တော့်ကို ဒုက္ခပေးခဲ့ပါတယ်။ ကမ္ဘောဇ အသင်းကို ရောက်ခါစ (၂)ပွဲ ကစားပြီးတဲ့ အချိန်မှာပဲ ဒူး ဒဏ်ရာ ရခဲ့တယ်။ ဒူး အရွတ် စုတ်ပြဲတဲ့ ဒဏ်ရာကြောင့် (၆)လောက် နားနေခဲ့ရပြီး၊ ပြန်လည် ကြံ့ခိုင် လာအောင်၊ ခြေထောက် ပြန်သန်လာအောင် (၄)လ လေ့ကျင့် ခဲ့ရပြန်တယ်။ ဘောလုံး ပြန်ကစား နိုင်တဲ့ အချိန်မှာ လည်း ကိုယ့် ခြေစွမ်း အပေါ် အားမလို အားမရ ဖြစ်ခဲ့ ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်၊ ဥဿာနဲ့ ပွဲမှာ ကျွန်တော် လက်ဖျံရိုးကျိုးလို့ (၂)ကြိမ် ခွဲစိတ်ခဲ့ရပါတယ်။ လတ်တလောမှာ အဲဒီ ဒဏ်ရာကို ကျောက်ပတ်တီး စည်းထားရတယ်။ ကျွန်တော့်ရဲ့ ကမ္ဘောဇ ကစားသမားဘ၀ကို ပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင် ဒဏ်ရာတွေနဲ့ နပန်းလုံး နေခဲ့ရတယ်။ အသင်း အောင်မြင်မှုရဖို့ ဘာမှ မကူညီနိုင်ခဲ့ဘူးပေါ့။ ကျွန်တော် ကံမကောင်းဘူးလို့ပဲ မှတ်ယူပါတယ်။ အသင်းကိုတော့ အမြဲ အားနာနေမိပါတယ်။


မေး- အသင်း ဆုဖလားတွေရဖို့ မကူညီနိုင်ခဲ့ဘူးလို့ ဖိုးခွားကြီးက ဆိုနေပေမယ့်လည်း အသင်းကတော့ ဖိုးခွားကြီးရဲ့ အားကစား သမား ပီသမှု၊ အသင်း အတွက် စွန့်လွှတ် အနစ်နာခံမှုတွေကို အမြဲတမ်း အမှတ်ရနေမှာပါ။ ကမ္ဘောဇ အသင်းမှာ အမှတ်တရ အရှိဆုံး ပွဲရှိခဲ့ရင် ပြောပြပေးပါဦး။

ဖြေ- မြန်မာ ဘောလုံးလောက ပရော်ဖက်ရှင်နယ် စနစ် ပြောင်းတဲ့အချိန်မှာ ကျွန်တော် ကမ္ဘောဇ အသင်းကို ရောက်ခဲ့တာပါ။ ကမ္ဘောဇ အသင်း အတွက် ကစားခွင့်ရတဲ့ ပွဲတိုင်းဟာ ခက်ခက်ခဲခဲ ကစားခဲ့ရတာဖြစ်လို့ ပွဲတိုင်းဟာ ကျွန်တော့်အတွက် အမှတ်ရ စရာတွေ ချည်းပါပဲ။


မေး- ကမ္ဘောဇ အသင်းမှာ လက်တွဲခဲ့တဲ့ နည်းပြတွေထဲက ဘယ် နည်းပြ ဆရာကို သဘောအကျဆုံးလဲ။ ပြောပြလို့ ရမယ်ဆိုရင် ပြောပြပေးပါ။


ဖြေ- ကမ္ဘောဇ အသင်းရဲ့ အုပ်ချုပ်မှုနဲ့ နည်းပြအဖွဲ့တွေအားလုံးဟာ ကျွန်တော် ငယ်ငယ်လေး ကတည်းက လေးစားခဲ့ရတဲ့ ဆရာတွေပါ။ ဦးအေးမောင်ကြီးဆိုရင် (၂၀၀၀)ခုနှစ်၊ မြန်မာ့ လက်ရွေးစင် အသင်းမှာကတည်းက အတူတူ နေခဲ့ဖူးတယ်။ ဆရာ ဦးဆန်းဝင်း ဆိုရင် (၂၀၀၆) မာဒေးကား ဖလား ချန်ပီယံဆု ရတုန်းက မြန်မာအသင်းရဲ့ နည်းပြချုပ်ပါ။ လက်ရှိ ကမ္ဘောဇ အသင်းရဲ့ အမှုဆောင် အရာရှိချုပ် ဦးခင်မောင်ကြိုင် ကတော့ ကျွန်တော် ဘဏ္ဍာ/အခွန် အသင်းမှာ ရှိစဉ်က အကြာကြီး လက်တွဲခဲ့ပြီး၊ ကျွန်တော့်ကို ပျိုးထောင် မြေတောင်မြှောက် ခဲ့ပါတယ်။ အသင်းမှာ ဆရာတွေက ကျွန်တော့် အကြောင်းကို သိကြသလို၊ ကျွန်တော်ကလည်း ဆရာတွေ အကြောင်း သိထားလို့ အလုပ်တွဲလုပ်ရတာ အဆင်ပြေပါတယ်။


မေး- ဒီကနေ့ နိုင်ငံတကာ ဘောလုံး လောကကိုပဲ ကြည့်ကြည့်၊ ပြည်တွင်းမှာပဲကြည့်ကြည့် ထင်ပေါ်ကျော်ကြားတဲ့ ကစားသမား တစ်ယောက်ဟာ ကွင်းတွင်း မှာရော၊ ကွင်းပြင်ပ မှာပါ စံထား လေးစားလောက်တဲ့ အရည်အချင်းနဲ့ ကိုယ်ကျင့် သိက္ခာ ရှိတာ အလွန် ရှားပါတယ်။ ဖိုးခွားကြီးကတော့ အဲဒီ အလွန် ရှားပါးတဲ့အထဲမှာ ပါဝင်တယ်လို့ အများစုက လက်ခံ ထားပါတယ်။ Ideal Person တစ်ယောက် ဖြစ်ဖို့ ဘယ်လို ကျင့်ကြံ ရသလဲ ဆိုတာ ညီငယ် ကစားသမားတွေ သိအောင် နည်းနည်း ပြောပြ ပေးပါလား။


ဖြေ- ဘောလုံးကွင်း မှာပဲ ဖြစ်ဖြစ်၊ ဘောလုံး ကွင်းပြင်ပမှာပဲ ဖြစ်ဖြစ်၊ လေ့ကျင့်ကွင်းမှာပဲ ဖြစ်ဖြစ်၊ ကျွန်တော့်ရဲ့ အပြုအမူ၊ အနေအထိုင် အားလုံးဟာ လေ့ကျင့် ထားတာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ပင်ကိုယ် စရိုက်ကကို ဒီအတိုင်း ဖြစ်နေတာထင်ပါတယ်။ ကျွန်တော် ကံကောင်းတာက ကျွန်တော် မြန်မာ့ လက်ရွေးစင် စဖြစ်တဲ့ (၁၉၉၈)ခုနှစ်မှာ ကိုမျိုးလှိုင်ဝင်း၊ ကိုသန်းတိုးအောင်၊ ကိုဝင်းအောင်၊ ကိုတင်မြင့်အောင်စတဲ့ ကြယ်ပွင့် ကစားသမားတွေနဲ့ တွဲကစားခွင့် ရခဲ့တာပါပဲ။ သူတို့ဆီက ဘောလုံးပညာတွေ အများကြီးရခဲ့ပါတယ်။ ဘယ်လုပ်ငန်း၊ ဘယ် နယ်ပယ်မှာပဲ ဖြစ်ဖြစ်၊ အောင်မြင်မှု ရဖို့ဆိုရင် ကြိုးစား အားထုတ်မှုတော့ လိုအပ်မယ် ထင်ပါတယ်။ ကျွန်တော်က လေ့ကျင့်ကွင်းမှာလည်း တကယ့် ပြိုင်ပွဲလို ကြိုးစားပါတယ်။ ဘောလုံးသမား ဆိုတာ အနေအထိုင်လည်း ခြိုးခြံရပါတယ်။ အဲဒါမှ Energy မဆုံးရှုံးမှာပါ။


မေး- မိခင်ဌာနကို ပြန်ပြီဆိုတော့ ဖိုးခွားကြီးအနေနဲ့ ဘောလုံးသမားဘ၀ကို အပြီးတိုင် ကျောခိုင်းလိုက်ပြီလို့ ဆိုလိုတာလား။

ဖြေ- ကျွန်တော် ဘောလုံး ဆက်ကစားနေဦးမှာပါ။ ဌာနကို ပြန်ရောက်တဲ့အခါ နေပြည်တော်မှ ပြိုင်ပွဲ ၀င်နေတဲ့ ဘဏ္ဍာ/အခွန် အသင်းမှာ ၀င်ကစားမှာပါ။ ကျွန်တော် ကစားနိုင်သရွေ့ ဆက်ကစား နေဦးမှာပါ။ ဘောလုံး မကစား နိုင်တော့တဲ့ အချိန်ကျရင်လည်း နည်းပြ ဆရာပိုင်းနဲ့ ပတ်သက်ပြီး လေ့လာ ဆည်းပူး သွားမှာပါ။


မေး- တကယ်လို့များ တချိန်ချိန်မှာ ကမ္ဘောဇ အသင်းက ဖိုးခွားကြီးကို နည်းပြ ဆရာလုပ်ဖို့ ကမ်းလှမ်းလာခဲ့ရင် လက်ခံ မှာလား။

ဖြေ- ကမ္ဘောဇ အသင်းက ကျွန်တော့် ရင်ထဲမှာ အမြဲတမ်းရှိနေမှာပါ။ ကျွန်တော် ဌာနမှာ ရှိနေရင်တောင်မှ ကမ္ဘောဇ အသင်းက လိုအပ်တယ်ဆိုရင် တတ်နိုင်သမျှ အကူအညီ ပေးသွားမှာပါ။ ကမ္ဘောဇ အသင်းရဲ့ကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။



စိုးမြတ်မင်း၏ ကိုယ်ရေးအကျဉ်း

မွေးသက္ကရာဇ်- ၁၉-၅-၁၉၈၂

အရပ်အမြင့်- ၅ ပေ၊ ၇ လက်မ

ကိုယ်အလေးချိန်-၁၅၅ပေါင်

ကမ္ဘောဇအသင်းအတွက်ကစားခဲ့သည့်ပွဲပေါင်း-  ၂၁ ပွဲ

ကမ္ဘောဇအသင်းအတွင် သွင်းခဲ့သည့်ဂိုး- ၅ ဂိုး

မြန်မာ့လက်ရွေးစင်ပွဲပေါင်း- ၁၂၄ ပွဲ

လက်ရွေးစင်ပွဲပေါင်း - ၅၄ ဂိုး



ဘဏ္ဍာ/အခွန်အသင်းနှင့်ရရှိခဲ့သော အောင်မြင်မှုများ

IFA Shield ချန်ပီယံ  (၁)ကြိမ်

အဆင့်မြင့်တန်းအမှတ်ပေးချန်ပီယံ  (၉)ကြိမ်

ရှုံးထွက်ဖလားချန်ပီယံ (၇)ကြိမ်

ကွင်းဖွင့်ဖလားချန်ပီယံ(၈)ကြိမ်



မြန်မာအသင်းနှင့်ရရှိခဲ့သော အောင်မြင်မှုများ

- Grand Royal Challenge Cup (၃)ကြိမ်

- မာဒေးကားဖိတ်ခေါ်ချန်ပီယံ (၁)ကြိမ်



တစ်ဦးချင်းရရှိသော ဆုတံဆိပ်များ

- တစ်နှစ်တာအကောင်းဆုံးအမျိုးသားအားကစားသမားဆု(၂၀၀၄)

- IOC Fair Play ဆု (၂၀၀၄)

- အဆင့်မြင့်တန်းဘောလုံးရာသီ အကောင်းဆုံးဘောလုံးသမားဆု(၁၉၉၈-၉၉)

- အဆင့်မြင့်တန်းဘောလုံးရာသီ အကောင်းဆုံးနောက်တန်းဆု(၁၉၉၉-၂၀၀၀)

- အဆင့်မြင့်တန်းဘောလုံးရာသီ အကောင်းဆုံးဘောလုံးသမားဆု(၂၀၀၀-၂၀၀၁)

- ကမ္ဘောဇဖိတ်ခေါ်ဖလား အကောင်းဆုံးဘောလုံးသမားဆု(၂၀၀၂)

- အိုလံပစ်ကောင်စီဥက္ကဌဖလား အကောင်းဆုံးဘောလုံးသမားဆု(၂၀၀၄)

- အားကစားကလောင်ရှင်များ၏ အကောင်းဆုံးဘောလုံးသမားဆု(၂၀၀၄)

- မြန်မာအားကစားနှင့်ကျန်းမာရေးဖောင်ဒေးရှင်း အကောင်းဆုံးဘောလုံးသမားဆု(၂၀၀၄)

- အဆင့်မြင့်တန်းဘောလုံးရာသီ ရွှေဖိနပ်ဆု(၂၀၀၇-၀၈)

- လူမှုထူးချွန် တတိယ(၂၀၀၆)

- လူမှုထူးချွန် ဒုတိယ(၂၀၀၇)