Cheap Dreamweaver OEM
Cialis Woman
Buy Microsoft Outlook 2007
Buy Adobe Flash Builder 4.5 Premium for Mac Cheap
Cheap Autocad 2012
Buy Autodesk 3ds Max Entertainment Creation Suite Premium 2012
Buy Photoshop Cs6 Online
Discount Windows 7 32 Bit
Adobe Photoshop Cs5 Download Mac
Discount Software
Download Guitar Pro OEM
Buy Unity 3D Pro for Mac
Used Software Programs
မြန်မာ နေရှင်နယ်လိဂ် ပွဲကျန် ပွဲစဉ်တွင် မနောမြေ အသင်းအား အနိုင်ရရှိ
Tuesday, 05 June 2012 14:31

MNL Myanmar 2012 ပွဲကျန်အဖြစ် ကမ္ဘောဇ အသင်းနှင့် မနောမြေ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ကမ္ဘောဇ အသင်းက (၂-၁)ဖြင့် အနိုင် ရရှိခဲ့သည်။ ကမ္ဘောဇ အသင်းအတွက် ဂိုးများကို နူးနက်စ်(၃၅ မိနစ်၊ ၆၂ မိနစ်)က သွင်းယူ ပေးခဲ့ပြီး၊ မနောမြေ အသင်းအတွက် ကမ်ဘူးက ပွဲချိန်(၂၉)မိနစ်တွင် ပင်နယ်တီမှ တစ်ဆင့် သွင်းယူ ပေးခဲ့သည်။


ကမ္ဘောဇ အသင်းသည် ပွဲပယ် ခံထားရသော အသင်းခေါင်းဆောင် ဟန်ဝင်းအောင် နေရာတွင် ကျော်ကျော်မျိုး၊ ဒဏ်ရာ ရရှိနေသော ဗဟို ခံစစ်မှူးနေရာတွင် လူငယ်နောက်ခံလူ အောင်မြတ်မင်းတို့ကို ထည့်သွင်း ကစားသည်မှ အပ ရက္ခပူရ အသင်းအား အနိုင်ရရှိသည့် လူစာရင်း အတိုင်း ပွဲထွက်ခဲ့သည်။ အောင်မြတ်မင်း အနေဖြင့် ကမ္ဘောဇ ကစားသမား ဘ၀တစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ပွဲထွက်ခွင့် ရရှိခြင်း ဖြစ်သည်။

မနောမြေ အသင်းတွင် တိုက်စစ်မှူး အက်စလေ ပွဲပယ် ပြစ်ဒဏ်ကြောင့် မပါဝင် နိုင်ခဲ့သော်လည်း ကျန်ကစားသမားများ လူစုံ ပွဲထွက်ခဲ့သည်။

ကမ္ဘောဇ အသင်း အနေဖြင့် ပွဲချိန် ပထမပိုင်း၌ မနောမြေ အသင်းအပေါ် ကစားကွက် အသာစီး မရခဲ့ဘဲ မနောမြေ အသင်း၏ လျင်မြန်သော တောင်ပံ တိုက်စစ်များကို သတိထား ကစားနေခဲ့ရသည်။ အထူးသဖြင့် မနောမြေ အသင်း ညာတောင်ပံ တိုက်စစ်မှူး ညီညီမင်း၏ ထိုးဖောက်မှုများကို အသည်းအသန် ဖြတ်ထုတ် နေခဲ့ရသည်။

ပွဲချိန်(၂၉)မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် မနောမြေ အသင်း ထိုးဖောက် ကစားစဉ် ညီညီမင်းအား ဥာဏလွင်က ကမ္ဘောဇဂိုး ဧရိယာအတွင်း ဆွဲလှဲသလို ဖြစ်ခဲ့သဖြင့် ကွင်းလယ်ဒိုင် ဦးဝင်းချိုက ပင်နယ်တီ ပြစ်ဒဏ်ပေးခဲ့သည်။ အဆိုပါ ပင်နယ်တီကို မနောမြေ ကွင်းလယ်ကစားသမား ကမ်ဘူးက ဂိုးအဖြစ် ပြောင်းလဲခဲ့သည်။

ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် ကမ္ဘောဇ အသင်း ကစားအား တင်ခဲ့သော်လည်း ပြိုင်ဘက်အသင်း ဂိုးပေါက်အား ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ချေ။ ပွဲချိန်(၃၅)မိနစ်တွင် နူးနက်စ် ညာတောင်ပံမှ ပြိုင်ဘက်ဂိုး ရှေ့သို့ ဖြတ်တင် ပေးလိုက်သည့် ဘောလုံး မထင်မှတ်ဘဲ ဂိုးဝင် သွားသဖြင့် ကမ္ဘောဇ အသင်း ချေပဂိုး ရရှိခဲ့သည်။

ပွဲချိန် ဒုတိယပိုင်း၌ ကမ္ဘောဇ အသင်း၏ ကစားပုံ ကောင်းမွန် လာခဲ့ပြီး၊ ဂိုးသွင်းခွင့်များလည်း ပိုမို ရရှိလာခဲ့သည်။ ကွင်းလယ်ပိုင်းတွင် ကျော်ဇေယျာဝင်းနှင့် နူးနက်စ်တို့ အတွဲ ပိုမိလာသကဲ့သို့ ကျော်ကျော်မျိုးနှင့် ဥာဏလွင်တို့၏ တောင်ပံ တိုက်စစ်လည်း အသက်ဝင်လာသည်။

ပွဲချိန်(၆၂)မိနစ်တွင် ကွင်းလယ်မှ ကျော်ဇေယျာဝင်း မျှောထိုး ပေးသည်ကို နူးနက်စ်က ပြိုင်ဘက် ဂိုးသမားကို ကျော်၍ လှလှပပ သွင်းယူသဖြင့် ကမ္ဘောဇအသင်း ဒုတိယဂိုး ရရှိသည်။ အဆိုပါဂိုးသည် နူးနက်စ်အတွက် ယခုရာသီ MNL (၁၂)ဂိုးမြောက်အဖြစ် မှတ်တမ်း ၀င်သွားခဲ့သည်။

အနိုင်ဂိုး ရရှိပြီးနောက် ကမ္ဘောဇ အသင်းက ကျော်ဇေယျာဝင်း အစား ခိုင်ဇော်ထွန်း၊ စိုးမင်းဦးအစား သိန်းသန်းဝင်းတို့ကို အစားထိုး၍ ပွဲကို ထိန်းကစား ခဲ့သောကြောင့် အဖိုးတန်(၃)မှတ် ထပ်မံ ရရှိခဲ့သည်။ ယခုပွဲသည် ကမ္ဘောဇ အသင်းအတွက် MNL (၃)ပွဲဆက် နိုင်ပွဲလည်း ဖြစ်ခဲ့သည်။

ကမ္ဘောဇ အသင်း အနေဖြင့် ယခုပွဲကျန် အနိုင် ရရှိခဲ့ခြင်းကြောင့် MNL အမှတ်ပေး ဇယားထိပ်ဆုံးမှ ရတနာပုံ အသင်းနှင့် ရမှတ်ချင်းတူ ဂိုးကွာခြားချက်ဖြင့် ဒုတိယ နေရာ ရပ်တည်လျက် ရှိသည်။