Cheap Adobe Premiere Pro CS6 for Mac OEM
Viagra 150mg
Viagra Online Canada
Office 2010 Professional Plus Oem
Download Building Design Suite OEM
Buy Microsoft Visual Studio Test Professional 2012
Discount Adobe Creative Suite 5.5 Production Premium for Mac
လိုယိုလာနှင့်ပွဲအတွက် ကျော်ဇေယျာဝင်း ယုံကြည်မှုအပြည့်ရှိ
Wednesday, 04 July 2012 04:12

မြန်မာယူ-၂၂အသင်းနှင့်အတူ ခြေစွမ်းပြခဲ့သော ကွင်းလယ်ကစားသမားကျော်ဇေယျာဝင်းက မိမိတို့ ကမ္ဘောဇအသင်းအနေဖြင့် စင်္ကာပူဖလားဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်လောက်သည့် ခြေစွမ်းမျိုးကို ပိုင်ဆိုင်ထားကြောင်း ပြောကြားသည်။

 


“လိုယိုလာမာရယ်ကိုအသင်းကစားခဲ့တဲ့ စင်္ကာပူဖလားပထမအဆင့်ပွဲကို ကျွန်တော်တို့ ကြည့်ခဲ့ရပါတယ်။ သူတို့အသင်းကို ကျွန်တော်တို့ အထင်မသေးပေမယ့် သူတို့ကို ဖြတ်ကျော်ပြီး ဆီမီးဖိုင်နယ်တက်မယ်လို့တော့ ယုံကြည်တယ်။ ကျွန်တော်တို့အသင်းဟာ ခြေစွမ်းပိုင်းအရရော၊ အသင်းလိုက်စည်းလုံးမှုအပိုင်းမှာပါ ပြိုင်ဘက်အသင်းထက် ပိုကောင်းပါတယ်။ ကြံ့ခိုင်မှုအပိုင်းမှာလည်း ကျွန်တော်တို့အသင်းက အားရစရာကောင်းပါတယ်”ဟု ကျော်ဇေယျာဝင်းက kbzfc.com သို့ ထုတ်ဖော်ပြောကြားခဲ့သည်။


AFC U-22 ခြေစစ်ပွဲဝင်မြန်မာယူ- ၂၂ အသင်းအတွက် (၅)ပွဲစလုံးပါဝင်ကစားခဲ့သူ ကျော်ဇေယျာဝင်းသည် ကြံ့ခိုင်မှုအပြည့်အ၀ဖြင့် ကမ္ဘောဇအသင်းနှင့် လာရောက်ပူးပေါင်းခြင်းမဟုတ်ဘဲ၊ ၄င်းတွင် ပေါင်ခြံဒဏ်ရာနှင့် တံကောက်ကြောဒဏ်ရာများ ရရှိထားသည်။သို့ဖြစ်ရာ အဆိုပါ ကွင်းလယ်ကစားသမားအနေဖြင့် လိုယိုလာအသင်းနှင့်ကစားမည့် စင်္ကာပူဖလားကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် ပွဲထွက်ကစားခွင့်ရရှိရန် မသေချာပေ။

 

ကမ္ဘောဇအသင်းနည်းပြချုပ်ဆီဗာဂျီကလည်း ၄င်းအနေဖြင့် ကျော်ဇေယျာဝင်းနှင့် သိန်းသန်းဝင်းတို့(၂)ဦးအား အလောတကြီးထုတ်သုံးလိမ့်မည်မဟုတ်ဟုဆိုထားသည်။ “ကျော်ဇေယျာဝင်းနဲ့ သိန်းသန်းဝင်းတို့ဟာ မြန်မာယူ-၂၂အသင်းအတွက် ပြိုင်ပွဲအဆင့်(၅)ပွဲစလုံးကစားခဲ့ရတော့ သူတို့ရဲ့ကြံ့ခိုင်မှုကို ကြည့်ရဦးမှာပါ။ ကံမကောင်းရင် သူတို့မှာ ပွဲပန်းမှုနဲ့အတူ ဒဏ်ရာပြဿနာတွေပါလည်း ပါလာနိုင်ပါတယ်။ သူတို့ကို လိုယိုလာနဲ့ကစားမယ့် ပထမအကျော့မှာ ထုတ်သုံးဖို့ မလွယ်ပါဘူး”ဟု ဆီဗာဂျီက ဖွင့်ဟခဲ့သည်။

 

ကျော်ဇေယျာဝင်းနှင့် သိန်းသန်းဝင်းတို့သည် (၃-၇-၁၂)ရက်နေ့ညနေပိုင်းတွင် မလေးရှားယူ-၂၂အသင်းအား အနိုင်ရသည့် မြန်မာယူ-၂၂အသင်း၌ပါဝင်ကစားခဲ့ပြီးနောက်တစ်နေ့ (၄-၇-၁၂)ရက်နေ့တွင် ကမ္ဘောဇအသင်းရှိရာ စင်္ကာပူနိုင်ငံသို့ လာရောက်ပူးပေါင်းခဲ့သည်။