Cheap Civil 3D 2013 OEM
Ordering Viagra
Cheap Windows 7 Professional
Buy MS Office Pro Cheap
Buy Photoshop Cs6 Download
Buy AutoCAD Electrical 2012
Microsoft Office 2010 Student Discount
Adobe Cs5 Master Collection Mac Price
Discount Windows 7 32 Bit
Cheap Microsoft Project Standard 2013
Download Autodesk Building Design Suite Ultimate 2012 OEM
Buy Xp Software
Discount Autodesk Alias Surface 2012
ပွဲကျပ် ကာလကို ဖြတ်ကျော်ရန် အသင့်ရှိဟု အသင်း အုပ်ချုပ်သူ ပြောကြား
Tuesday, 24 July 2012 16:27

မိမိတို့ အသင်းသည်(၈)ရက်အတွင်း MNL ပွဲ(၃)ပွဲကစားရမည့် ပွဲကျပ်ကာလအား အောင်မြင်စွာဖြတ်ကျော် နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ကမ္ဘောဇ အသင်းအုပ်ချုပ်သူ ဦးအေးမောင်ကြီးက kbzfc.com သို့ ထုတ်ဖော် ဖွင့်ဟခဲ့သည်။



ဧရာဝတီ ယူနိုက်တက် အသင်းနှင့် ကစားရမည့် MNL ပွဲကျန်အား (၁-၈-၁၂)ရက်နေ့တွင် ယှဉ်ပြိုင် ကစားရမည်ဟု MFF က ဆုံးဖြတ်ခဲ့ရာ ကမ္ဘောဇ အသင်း အနေဖြင့် (၈)ရက်အတွင်း ဟံသာဝတီ ယူနိုက်တက်(အိမ်ကွင်း)၊ ဧရာဝတီ ယူနိုက်တက်(အိမ်ကွင်း)၊ နေပြည်တော်အက်ဖ်စီ(အဝေးကွင်း)တို့နှင့် ဆက်တိုက်ယှဉ်ပြိုင် ကစားရတော့မည် ဖြစ်သည်။ သိုတိုင်အောင် ဦးအေးမောင်ကြီးက မိမိတို့အသင်းသည် ပွဲကျပ်ကာလအတွက် အကောင်းဆုံး ပြင်ဆင် ထားသည်ဟု ဆိုလိုက်သည်။

“ဖြစ်ပေါ်လာတဲ့ အခြေအနေ တစ်ခု အပေါ်မှာ အကောင်းဆုံး ပုံစံနဲ့ ရင်ဆိုင်ဖို့ပဲ ပြင်ဆင်ရတော့မှာပါ။ တကယ်တော့ (၈)ရက်အတွင်း အမှတ်ပေးပွဲ(၃)ပွဲကစားဖို့ ဆိုတာ မလွယ်ပါဘူး။ ကစားသမားတွေ အရမ်း ပင်ပန်းနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒါကို ဖြတ်သန်း ကျော်လွှား ရမှာပဲလေ။ အခု အဲဒီကာလ အတွက် ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ အောင်အောင်မြင်မြင်  ဖြတ်ကျော်နိုင် လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု ဦးအေးမောင်ကြီး ပြောကြားသည်။

ဆက်လက်၍ ဦးအေးမောင်ကြီးက ပထမ အကျော့တွင် သရေ ကျခဲ့သည့် ဟံသာဝတီယူနိုက်တက် အသင်းအား မိမိတို့အိမ်ကွင်း၌ ဧည့်ခံ ကစားရာတွင် အနိုင် ရလဒ်ကိုသာ မျှော်မှန်း ထားသည်ဟု ဆိုသည်။

“ပထမ အကျော့တုန်းက ကျွန်တော်တို့ အသင်းဟာ နောက်ကျ ဂိုးတွေကြောင့်သာ ဟံသာဝတီကို သရေကျခဲ့တာပါ။ ဟံသာဝတီ အသင်းဟာ အသင်းကောင်း တစ်သင်းပါ။ သူတို့ကို အနိုင်ရဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ လက်ကျန် ပွဲတွေမှာ အတိမ်းအစောင်းခံလို့ မရတော့ဘူး။ ဟံသာဝတီနဲ့ပွဲရလဒ်ဟာ ရာသီလက်ကျန်ပွဲ အားလုံးအတွက် အရေးကြီးတယ်။ ဒါကြောင့် အိမ်ကွင်းမှာ အနိုင်ရအောင် အစွမ်းကုန် ကြိုးစားဖို့ ကစားသမားတွေကို မှာထားတယ်။ အနိုင်ရလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်” ဟု အသင်းအုပ်ချုပ်သူက ပြောသည်။

ကမ္ဘောဇ အသင်း၏ နည်းပြချုပ် ဆီဗာဂျီသည် မိသားစု အရေး ကိစ္စဖြင့် သြစတြေးလျနိုင်ငံသို့ ခရီး သွားရောက်လျက် ရှိရာ အသင်းအား ဦးအေးမောင်ကြီးက တာဝန်ယူ လေ့ကျင့်ပေးလျက် ရှိသည်။

ဟံသာဝတီ ယူနိုက်တက် အသင်းသည် ကမ္ဘောဇ အသင်း၏ အိမ်ကွင်း KBZ Stadium တွင် (၂)ကြိမ်လာရောက်ကစားခဲ့ရာ၌ (၁)ပွဲနိုင်၊ (၁)ပွဲရှုံးခဲ့သည်။ ယခုရာသီ MNL ပထမအကျော့အဖြစ် ရန်ကုန်မြို့ရှိ Y.T.C ကွင်းတွင် တွေ့ဆုံခဲ့စဉ်က (၃)ဂိုးစီ သရေပွဲဖြစ်ခဲ့သည်။ ထိုစဉ်က ကမ္ဘောဇ အသင်း၏ နည်းပြချုပ်မှာ ဦးအေးမောင်ကြီးဖြစ်သည်။