Cheap Adobe Dreamweaver CS5.5 OEM
Viagra 25mg
Bying Viagra Online Cheap Us
Buy Adobe Creative Suite 5 Master Collection Mac
Download Autocad Revit Structure OEM
Buy Autodesk AutoCad 2013 for Mac
Discount VMware Workstation 9
အသင်းအတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့၍ မင်းမင်းထွန်း ၀မ်းမြောက်
Sunday, 26 August 2012 01:18

အသင်းအတွက် အရေးကြီးသည့်အချိန်တွင် အရေးပါသော အနိုင်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ကျေနပ်ဝမ်းမြောက်မိသည်ဟု မကွေးအသင်းဘက်သို့ တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူခဲ့သည့် မင်းမင်းထွန်းက kbzfc.com သို့ ထုတ်ဖော်ပြောကြားသည်။

အဆိုပါစွမ်းအင်/ရေနံအသင်းကစားသမားဟောင်းသည် ကမ္ဘောဇအသင်းက မကွေးအက်ဖ်စီအသင်းအား အနိုင်ရသည့်ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့ရုံမျှမက အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်(၄၈)မိနစ်၌ သွင်းယူပေးခဲ့သည်။

``အခုလိုအသင်းအတွက် အရေးကြီးတဲ့အချိန်ကာလမှာ အရေးပါတဲ့ အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့လို့ ၀မ်းသာတယ်။ ကျေနပ်မိပါတယ်။ တစ်ချိန်တည်းမှာ ကျွန်တော့်ကို ယုံကြည်မှုအပြည့်နဲ့ ပွဲထွက်ခွင့်ပေးခဲ့တဲ့ နည်းပြကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းအတွက် ကစားခွင့်ရတဲ့အချိန်မှာ အခုလို အရေးပါတဲ့အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့လို့ အတိုင်းမသိဝမ်းမြောက်မိတယ်။ နောက်နောင်လည်း အသင်းအတွက် တတ်နိုင်သလောက်ကြိုးစားပြီး ပေးဆပ်သွားချင်ပါတယ်´´ဟု မင်းမင်းထွန်းက ဖွင့်ဟပြောကြားခဲ့သည်။

ယခုမကွေးအက်ဖ်စီအသင်းဘက်သို့ သွင်းယူခဲ့သည့် အနိုင်ဂိုးသည် ၄င်း၏ MNL ကစားသမားဘ၀တစ်လျှောက် ဒုတိယမြောက်သွင်းဂိုးအဖြစ်မှတ်တမ်းဝင်သွားခဲ့သည်။ သူသည် ၂၀၁၂ မြန်မာနေရှင်နယ်လိဂ်အပိတ်ပွဲစဉ်အဖြစ် ကမ္ဘောဇအသင်းက အိမ်ကွင်းတွင် ဥဿာယူနိုက်တက်အသင်းအား (၂-၃)ဖြင့် အရေးနိမ့်သောပွဲ၌ ပထမအကြိမ်ဂိုးသွင်းခဲ့ဖူးသည်။

မင်းမင်းထွန်းသည် ယနေ့အနိုင်ရရှိသောပွဲတွင် ပြိုင်ဘက်နောက်တန်းအား အကြိမ်ကြိမ်ခြိမ်းခြောက်နိုင်ခဲ့ပြီး၊ အောင်မြင်သောဖြတ်တင်ဘော(၅)ကြိမ်ပြုလုပ်နိုင်ခဲ့သည်။