Cheap FontLab Studio 5 for Mac OEM
Canadian Viagra
Overnight Viagra
Windows 7 Ultimate Download
Download Adobe InCopy CS5.5 for Mac OEM
Buy Premiere Pro CS6
Discount Adobe Flash Professional CS5.5
အသင်းအတွက် တာဝန် ကျေပွန်သော အိမ်ကွင်း ပရိသတ်များအား ကမ္ဘောဇ အသင်း ဂုဏ်ပြု နှုတ်ဆက်မည်
Tuesday, 28 August 2012 16:56

 

MNL Myanmar 2012 ပွဲစဉ်(၂၅)အဖြစ် ရတနာပုံ အက်ဖ်စီ အသင်းနှင့် ယှဉ်ပြိုင် ကစားမည့် ပွဲသည် ကမ္ဘောဇ အသင်း၏ ယခုရာသီ အိမ်ကွင်း နောက်ဆုံး ပွဲစဉ်ဖြစ်ရာ ကမ္ဘောဇ အသင်း အနေဖြင့် အဆိုပါပွဲ အတွင်း ပရိသတ်များအား ဂုဏ်ပြုနှုတ်ဆက်သည့် အစီအစဉ်များ ထည့်သွင်း သွားမည်ဖြစ်ကြောင်း kbzfc.com မှ သတင်းပေး လိုပါသည်။

 

ကမ္ဘောဇ အသင်း ပရိသတ်များသည် အသင်း၏ အိမ်ကွင်းပွဲစဉ်များ အားလုံးတွင် တစ်ခဲနက် လာရောက်၍ ယဉ်ကျေး သိမ်မွေ့စွာ အားပေး ခဲ့ကြသည်ဖြစ်ရာ ပရိသတ်များအား ရာသီပိတ် နောက်ဆုံး ဂုဏ်ပြုနှုတ်ဆက်ရန် ကမ္ဘောဇ အသင်းက ရည်ရွယ်ထားသည်။

(၁-၉-၁၂)ရက်နေ့၊ ညနေ(၃း၃၀)နာရီတွင် တောင်ကြီးမြို့ရှိ KBZ Stadium ၌ ကမ္ဘောဇအသင်းနှင့် ရတနာပုံအက်ဖ်စီတို့ ယှဉ်ပြိုင်ကစားကြမည့်ပွဲ အားလပ်ချိန်တွင် ပရိသတ်များ အတွက် ပျော်ရွှင်ဖွယ်ဂိမ်း ကစားနည်းများ ထည့်သွင်း တင်ဆက်၍ ကမ္ဘောဇအသင်းသားများလက်မှတ်ထိုးထားသည့် အသင်းဂျာစီများမဲဖောက်ပေးသွားမည်ဖြစ်သည်။

ထိုပွဲ၌ မည့်သည့်ရလဒ် ထွက်ပေါ်သည်ဖြစ်စေ ပွဲအပြီးတွင် ကမ္ဘောဇ အသင်းသားများက အိမ်ကွင်း ပရိသတ်များအား ဂါရ၀ပြုနှုတ်ဆက်သည့် အစီအစဉ်လည်း ပါဝင်မည်ဖြစ်သည်။

ထို့အပြင် (၂-၉-၁၂)ရက်နေ့၊ နံနက်ပိုင်းတွင် ဒေသခံ အသက်(၁၂)အောက် ဘောလုံးဝါသနာရှင်လေးများအား ကမ္ဘောဇအသင်း၏ နည်းပြ အဖွဲ့နှင့် စီနီယာကစားသမားများက အခြေခံဘောလုံးပညာများပို့ချပေးမည့် KBZ Football Clinic အစီအစဉ်ပြုလုပ်မည်ဖြစ်ပါသည်။ KBZ Stadium ၌ ပြုလုပ်မည့် KBZ Football Clinic အစီအစဉ်တွင် နည်းပြချုပ်ဆီဗာဂျီဦးဆောင်သော နည်းပြအဖွဲ့နှင့် ဟန်ဝင်းအောင်၊ ဟန်ဆန်၊ ချားစ်အိုဘီ၊ နူးနက်စ်၊ ကျော်ဇင်ထက်၊ ကျော်ဇေယျာဝင်း၊ စိုးမင်းဦး အစရှိသော ကစားသမားများက ဒေသခံအသက်(၁၂)အောက်(ကျား/မ မရွေး) လူငယ်လေးများအား ဘောလုံးပညာများ ပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် KBZ Football Clinic အစီအစဉ် အသေးစိတ်ကို ရတနာပုံအက်ဖ်စီနှင့်ကစားမည့်ပွဲနေ့၌ ကွင်းအတွင်းကြေညာပေးဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။