Cheap Autodesk Alias Automotive 2012 for Mac OEM
Viagra Gel
Adobe Creative Suite 6 Master Collection Download
Buy MS OneNote 2013 Cheap
Windows 7 32 Bit Oem
Buy Visual Studio Team Foundation Server
Adobe Cs5 Discount
Windows Xp Pro Oem
Purchase Windows 7 Ultimate Product Key
Cheap Simulation Multiphysics
Download Autodesk Inventor LT 2012 OEM
Buy OneNote 2013
Discount MS Office Pro 2013
မကြာမီ အသင်းလိုက် ဟန်ချက် ညီ၍ ရလဒ်များ ကောင်းမည်ဟု ကျော်ဇေယျာ ၀င်း ယုံကြည်
Tuesday, 15 January 2013 01:52

ယခုဘောလုံး ရာသီအစပိုင်းတွင် မိမိတို့ အသင်း အထိုင် မကျ၍ ရုန်းကန် နေရသည့်တိုင် မကြာမီ အသင်းလိုက် ဟန်ချက်ညီကာ ရလဒ်ကောင်းများ ရရှိလာလိမ့်မည်ဟု ယုံကြည်ကြောင်း ကမ္ဘောဇ အသင်း၏ မြန်မာ့ လက်ရွေးစင်ကွင်းလယ်ကစားသမား ကျော်ဇေယျာဝင်းက ထုတ်ဖော်ပြောကြားသည်။

 

``ဒီရာသီအစပိုင်း မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွေမှာ ကျွန်တော်တို့အသင်း နိုင်ပွဲပျောက်ဆုံးပြီး၊ ရုန်းကန် နေရတာဟာ အသင်းလိုက်စုဖွဲ့မှု အထိုင်မကျသေးလို့ပါ။ ကျွန်တော်တို့ အသင်းဟာ ရာသီကြိုပြင်ဆင်မှုတွေ လုပ်ခဲ့ပေမယ့် လူစုံတက်စုံလုပ်ရတဲ့ အချိန်က အရမ်းနည်းပါတယ်။ ထိုင်းပရီးမီးယားလိဂ် ကလပ် TOT FC အသင်း၊ မလေးရှား စူပါလိဂ်ကလပ် T-Team တို့နဲ့ ခြေစမ်းပွဲတွေ ကစားခဲ့တာမှာ နိုင်ငံခြား ကစားသမားဆိုလို့ ဂျူနီယာ တစ်ယောက်ပဲ ပါဝင်နိုင်ခဲ့တယ်။ နူးနက်စ်နဲ့ ဟန်ဆန်တို့က ဇန်န၀ါရီ(၁)ရက်နေ့ကျမှ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တာပါ။ ပြည်တွင်း ကစားသမားသစ်တွေ ခေါ်ယူခဲ့တယ်ဆိုပေမယ့်လည်း သူတို့တွေ အသင်းနဲ့ အထိုင်ကျဖို့ အချိန်နည်းနည်း ပေးရပါမယ်။ ကျွန်တော်တို့ အသင်းဟာ မကြာခင်မှာ အသင်းလိုက် ဟန်ချက်ညီညီနဲ့ အကောင်းဆုံး ပုံစံ ပြန်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်´´ဟု ကျော်ဇေယျာဝင်းက kbzfc.com သို့ ပြောကြားခဲ့သည်။



ရှမ်းပြည်တောင်ပိုင်းကိုယ်စားပြုအသင်းသည် MNL Myanmar 2013 အဖွင့်ပွဲစဉ်(၂)ပွဲတွင် (၁)ပွဲရှုံး၊ (၁)ပွဲ သရေ ရလဒ်များဖြင့် (၁)မှတ်သာရ ရရှိသေးသည်။

တစ်ချိန်တည်းမှာပင် အသင်း၏ ၀ါရင့်နောက်ခံကစားသမား အေးဆန်း(တံကောက်ကြော)နှင့် တိုက်စစ်မှူး စထက်နိုင်ဝင်း(ခြေကျင်းဝတ်)တို့မှာ ဒဏ်ရာအသီးသီးရရှိထားသဖြင့် နေပြည်တော်အက်ဖ်စီအား အိမ်ကွင်း၌ ဧည့်ခံကစားမည့်ပွဲကို လွဲချော်ဖွယ်ရှိနေသည်။

မကြာမီရက်ပိုင်းအတွင်း စာချုပ်ချုပ်ဆိုခေါ်ယူထားသည့် ကိုရီးယားတိုက်စစ်မှူး အင်ယွန်းဆောင်မှာမူ ယခုရက်ပိုင်းအတွင်း ITC ရရှိမည်ဖြစ်၍ ၄င်း၏ မြန်မာနေရှင်နယ်လိဂ်ပွဲဦးထွက်အဖြစ် နေပြည်တော်အသင်းနှင့်ပွဲ၌ ပါဝင်ကစားဖွယ်ရှိသည်။