| ဒီမှာ သူစိမ်းဆန်ဆန် ဆက်ဆံတဲ့သူ တစ်ယောက်မှ မတွေ့ရဘူး |
| Wednesday, 23 January 2013 23:10 |
|
တောင်ကြီးမြို့က KBZ FC Hotel မှာ သူနဲ့ ကျွန်တော်က အခန်းဖော်။ တစ်ခန်းတည်းနေပေမယ့် စကားသိပ်မပြောဖြစ်ဘူး။ ဘာသာစကားအခက်အခဲက ရှိနေတယ်။ ကျွန်တော်ပြောရင် ``အညာစယော´´၊ ``ကိုမတ်ဆုမိသာ´´၊ ``အာဒက်ဆော´´လောက်ပဲ။ သူကတော့ ကျွန်တော့်ကို တစ်ခါတစ်လေ အင်္ဂလိပ်လို ကြိုးစားပြောရှာပါတယ်။ သူက လူငယ်လေး။ တကယ့်ကို ငယ်ရွယ်နုပျိုပြီး၊ စိတ်ထားသဘောကောင်းမယ့် ပုံလေးနဲ့။ အခု တင်ဆက်မယ့် အင်တာဗျူးအစီအစဉ်အတွက် ကျွန်တော်တို့ (၂)ယောက်စလုံး တော်တော် အားစိုက်လိုက်ရတယ်။ ကျွန်တော်က မေးခွန်းတွေကို အင်္ဂလိပ်လိုမေးပြီး၊ သူက Google Translate အကူအညီနဲ့ ဖြေတယ်။ သူ့အဖြေကို ကျွန်တော်က Google ရဲ့ အကူအညီနဲ့ပဲ ဘာသာပြန်ပြီး ရေးသားခဲ့ရပါတယ်။
မေး- ပရော်ဖက်ရှင်နယ်ဘောလုံးသမား တစ်ယောက်ဘယ်လိုဖြစ်လာသလဲဆိုတာ ပြောပြပေးပါလား။ ဖြေ- ငယ်ငယ်ကတည်းက ဘောလုံးကစားပါတယ်။ တက္ကသိုလ်တက်ရောက်တော့ ကျွန်တော်တို့ တက္ကသိုလ်အသင်းမှာ ကစားခွင့်ရတယ်။ တောင်ကိုးရီးယားမှာက တက္ကသိုလ်ပေါင်းစုံလိဂ်ပြိုင်ပွဲရှိတယ်။ ကျွန်တော်က အဲဒီတက္ကသိုလ်ပေါင်းစုံလိဂ်ပြိုင်ပွဲမှာ တစ်နှစ်တည်း (၄၂)ပွဲကစားပြီး၊ ဂိုး(၄၀)သွင်းခဲ့တယ်။ အဲဒီမှာပဲ ပရော်ဖက်ရှင်နယ်ကလပ်အသင်းလာ ကမ်းလှမ်းတယ်။ ကန်ထရိုက်စာချုပ် ချုပ်ကြမယ်ပေါ့။ ကျွန်တော်ကတော့ ကျွန်တော့်ရပ်ရွာဇာတိဖြစ်တဲ့ ဆူဝမ်စီးတီးအသင်းကို ရွေးချယ်ခဲ့ပါတယ်။
မေး- ဆူဝမ်စီးတီးအသင်းကို ရောက်တဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရသလဲ။ ပွဲအရေအတွက် များများကစားခဲ့ရသလား။ ဖြေ- အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးပါပဲ။ ဆူဝမ်အသင်းဟာ ကိုရီးယားလိဂ်ရဲ့ ဒုတိယတန်းကလပ်အသင်းတစ်သင်းပါ။ ဒါပေမဲ့ ဘောလုံးသမားကောင်းတွေအများကြီးပဲ။ နေရာတစ်ခုမှာ ပြိုင်ဆိုင်နေတဲ့ ဘောလုံးသမားက(၅)ယောက်လောက်ရှိတယ်။ စရောက်တဲ့အချိန်မှာ စီနီယာကစားသမားတွေဆီက အများကြီး သင်ယူနေခဲ့ရပါတယ်။ ပွဲကတော့ နည်းနည်းပဲကစားခဲ့ရတယ်။
မေး- ဂျပန်ကလပ်အသင်းကို ဘယ်လိုရောက်သွားတာလဲ။ ဖြေ- ၂၀၁၁ ခုနှစ် ဘောလုံးရာသီမတိုင်ခင် ဂျေလိဂ်ဒုတိယတန်းကလပ် ရော့ဆိုကူမာမိုတိုက ကျွန်တော့်ကို အငှားစာချုပ်နဲ့ ခေါ်ချင်တယ်လို့ ကမ်းလှမ်းတယ်။ ဆူဝမ်အသင်းကလည်း နိုင်ငံတကာအတွေ့အကြုံရအောင်ရယ်၊ ပြိုင်ပွဲအတွေ့အကြုံများအောင် အငှားချပေးလိုက်တယ်။ အဲဒီအချိန် ဆူဝမ်အသင်းမှာက တိုက်စစ်မှူးချည်းပဲ (၆)ယောက်ဖြစ်နေလို့ ကျွန်တော့်အတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ မလွယ်ပါဘူး။ အဲဒါနဲ့ ကျွန်တော် ဂျပန်ရောက်သွားတယ်။
မေး- ကူမာမိုတိုအသင်းမှာ အဆင်ပြေခဲ့ရဲ့လား။ ဂျေလိဂ်အတွေ့အကြုံက ဘယ်လိုလဲ။ ဖြေ- ကူမာမိုတိုအသင်းဟာ အသင်းကောင်းတစ်သင်းပါ။ တကယ့်ကစားသမားကောင်းတွေကိုလည်း ပိုင်ဆိုင်ထားတယ်။ ကျွန်တော့်အတွက် အဆင်ပြေပါတယ်။ အတွေ့အကြုံကောင်းတွေ အများကြီးရခဲ့တယ်။ ဂျေလိဂ်နဲ့ ကေလိဂ် မတူတာလေးတွေ အများကြီးရှိပါတယ်။ ကျွန်တော် ကူမာမိုတိုအသင်းမှာ ကစားတော့ အိမ်ကွင်းပွဲဆိုရင် ပရိသတ်ကအပြည့်ပဲ။ ကစားရတာ အားရတယ်။ ဆူဝမ်စီးတီးအသင်းမှာတော့ အိမ်ကွင်းပရိသတ်နည်းတယ်။ ဆူဝမ်မြို့မှာ ဆူဝမ်ဘလူးဝင်းစ်အသင်းနဲ့ ဆူဝမ်စီးတီးဆိုပြီး ဒါဘီအသင်း(၂)သင်းရှိပါတယ်။ ဒါပေမဲ့ ကစားရတဲ့ လိဂ်မတူဘူး။ ဆူဝမ်ဘလူးဝင်းစ်က ကေလိဂ်ပထမတန်းအသင်း။ အာရှအကောင်းဆုံးကလပ်အသင်းတွေထဲမှာပါတယ်။ ဆူဝမ်စီးတီးအသင်းက ကေလိဂ်ဒုတိယတန်းအသင်း။ ဆိုတော့…. မြို့ခံလူထုကတော့ ဆူဝမ်ဘလူးဝင်းစ်အသင်းကိုပဲ အားပေးကြတာပေါ့ဗျာ။ ဒါသဘာဝကျပါတယ်။ ဒါပေမဲ့ အဖွဲ့ချုပ်ရှုံးထွက်ပြိုင်ပွဲတွေမှာ မြို့ခံပြိုင်ဘက်(၂)သင်းတွေ့လို့ကတော့ ပရိသတ်ဝက်ဝက်ကွဲပဲ။
မေး- ဒါနဲ့ ကမ္ဘောဇအသင်းကို ဘယ်ပုံဘယ်နည်းရောက်လာရတာလဲဆိုတာ နည်းနည်းပြောပြပါဦးလား။ ဖြေ- ၂၀၁၂ နှစ်ကုန်တော့ ကျွန်တော်နဲ့ ဆူဝမ်စီးတီး စာချုပ်သက်တမ်းကုန်တယ်။ စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးကြတဲ့အချိန်မှာ သဘောတူညီမှုမရဘူး။ ကျွန်တော့်အတွေးက ဆူဝမ်စီးတီးနဲ့ စာချုပ်သစ်မချုပ်ဖြစ်ခဲ့ရင် ဂျပန်အသင်းတစ်သင်းကို ပြောင်းမယ်ပေါ့လေ။ ဒါပေမဲ့ ဂျေလိဂ်အသင်းတွေနဲ့ မဆက်သွယ်ရသေးခင်မှာ ကျွန်တော့်အေးဂျင့်ရဲ့ အင်ဒိုနီးရှားပါတနာက မြန်မာပြည်မှာ ကစားပေးနိုင်မလားလို့ ဆက်သွယ်လာခဲ့တယ်။ အမှန်အတိုင်းပြောရရင် အရင်တုန်းက မြန်မာနိုင်ငံဆိုတာကို ကျွန်တော် မသိပါဘူး။ အခုနောက်ပိုင်းမှ ကြားဖူးတာ။ အေးဂျင့်က၂၀၁၂ မြန်မာနေရှင်နယ်လိဂ် ဒုတိယချိတ်တဲ့အသင်းမှာ ကစားရမယ်။ စိန်ခေါ်မှုအသစ်ကို စမ်းကြည့်သင့်တယ်လို့ ဆိုပါတယ်။ တစ်ပတ်အတွင်း ကျွန်တော် ရန်ကုန်ကို ရောက်လာခဲ့ပါတယ်။ ကမ္ဘောဇအသင်းနဲ့ စာချုပ်ဖြစ်သွားတယ်။ အစကတော့ စိတ်ထဲမှာ ခပ်ထင့်ထင့်ပဲ။ အခုတော့ ပျော်တယ်။ ဒီမှာက အားလုံးက မိသားစုလိုပဲ။ တောင်ကြီးမှာနေရတော့ ရာသီဥတုက အေးအေးလေးနဲ့ နေလို့ကောင်းတယ်။
မေး- အခုဆိုရင် ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀ ကာလတိုတိုလေးအတွင်းမှာ ကေလိဂ်၊ ဂျေလိဂ်နဲ့ မြန်မာနေရှင်နယ်လိဂ်တွေမှာ ကစားထားရပြီပေါ့နော်။ အဲဒီထဲက ထင်သာမြင်သာရှိတဲ့ မတူကွဲပြားမှုလေးတွေကို မြင်သလောက်ပြောပြပေးပါလား။ ဖြေ- ကေလိဂ်ကတော့ ခွန်အားကို အားပြုတယ်။ ဂျေလိဂ်မှာ ဘောလုံးကစားတဲ့စတိုင်က ညက်ညောတယ်။ ဘရာဇီးနည်းပြတွေ၊ ဘရာဇီးကစားသမားတွေ များလို့ထင်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်အကြောင်းတော့ ကောင်းကောင်းမသိသေးဘူး။ ကြည့်ရသလောက်တော့ ကောင်းတယ်ထင်ပါတယ်။ နည်းစနစ်ပိုင်းတော့ အားနည်းသလားလို့။ ကျွန်တော်က ဘာမှ သေချာမသိသေးတော့ အမှားပြောမိမှာလည်း စိုးရိမ်ပါတယ်။
မေး- အခုကမ္ဘောဇအသင်းရဲ့ ကစားသမားဖြစ်နေပြီဆိုတော့ အသင်းနဲ့ အတူ နေထိုင်လေ့ကျင့်ရတာ အဆင်ပြေရဲ့လား။ ကွင်းအတွင်းမှာရော၊ ဘောလုံးကွင်းပြင်ပ ဘ၀မှာရောပေါ့လေ။ ဖြေ- ကောင်းပါတယ်။ အားလုံးက ကူညီကြတယ်။ ဒီမှာ သူစိမ်းဆန်ဆန် ဆက်ဆံတဲ့သူ တစ်ယောက်မှ မတွေ့ရဘူး။ မိသားစုလိုပဲ။ ဘောလုံးကစားရတာလည်းကောင်းတယ်။ အထူးသဖြင့် တောင်ကြီးမြို့မှာ လေ့ကျင့်ရတာ၊ ဘောလုံးကစားရတာ စိတ်လတ်ဆတ်တယ်။ စကားပြောဖော်မရှိတာ တစ်ခုပဲ။ ဘာသာစကားကတော့ တကယ့် အခက်အခဲပဲ။ စကားပြောဖော်မရှိဘူး။ ကိုရီးယားစကားပြောချင်ရင် KBZ FC Hotel နားက ကိုရီးယားစားသောက်ဆိုင်ကို သွားတယ်။ သူတို့ကလည်း မိသားစုအရင်းအချာလို စောင့်ရှောက်ကြပါတယ်။
မေး- အသင်းရဲ့ တိုက်စစ်မှာ စိုးမင်းဦးနဲ့ တွဲကစားရတာ ဘယ်လိုသဘောရလဲ။ ရေရှည်အတွဲအဖက်မိမယ့် ကစားဖော်လို့ စိတ်ထဲမှာ ထင်မိလား။ ဖြေ- ကိုစိုးမင်းဦးက ဥာဏ်ကောင်းတယ်။ မြန်လည်းမြန်တယ်။ ကွင်းထဲမှာ နေရာလွတ်ရှာတတ်တယ်။ သူနဲ့ အတူကစားရတာ ကောင်းပါတယ်။ တခြားတိုက်စစ်ကစားဖော်တွေဖြစ်တဲ့ ကျော်ဇေယျာဝင်း၊ နူးနက်စ်နဲ့ မိုင်းအိုက်နိုင်တို့လည်း ကောင်းပါတယ်။
မေး- နေပြည်တော်အသင်းနဲ့ကစားတဲ့ပွဲမှာ MNL ပွဲဦးထွက် ကစားထားပြီးပြီဆိုတော့ တောင်ကြီးပရိသတ်တွေကို ဘယ်လိုမြင်လဲ။ ဖြေ- ရန်ကုန်မှာ ကမ္ဘောဇနဲ့ မနောမြေအသင်းကစားတဲ့ပွဲကို ပွဲကြည့်စင်ပေါ်က ကြည့်ခဲ့တယ်။ ပရိသတ်မရှိဘူး။ အခုတောင်ကြီးမှာကျတော့ ပရိသတ်အပြည့်ပဲ။ ပရိသတ်တွေ ဘာတွေ အော်ဟစ်အားပေးသလဲဆိုတာ ကျွန်တော် နားမလည်ပေမယ့် ရိုင်းပျတဲ့ အပြုအမူ၊ ဟန်ပန်ကိုတော့ မတွေ့ရဘူး။ တောင်ကြီးမြို့ကို ကျွန်တော်ကြိုက်တယ်။ ရာသီဥတု၊ အစားအသောက်နဲ့ မြို့လေးရဲ့သန့်ရှင်းသပ်ရပ်မှုအားလုံးကိုပေါ့။
ကိုယ်ရေးအကျဉ်း အမည် - အင်ယွန်းဆောင် မွေးသက္ကရာဇ် - ၇/၁/၁၉၉၀ ကစားခဲ့သော ကလပ်အသင်းများ - ဆူဝမ်စီးတီး၊ ရော့ဆိုကူမာမိုတို နိုင်ငံလက်ရွေးစင်ဆင့် - ၂၀၁၂ တောင်ကိုရီးယားအိုလံပစ်အသင်း(ပဏာမ)
|
|
||||||||||||||||||||||||||||||||||||||
|
||||||||||||||||||||||||||||||||||||||
|
Our Song
Who's Online
Total Visitors
Your are currently browsing this site with Internet Explorer 6 (IE6).
Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.
Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.








